Friday, October 1, 2010

တယ်လီဖုန်းဆက်သွယ်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များ

တယ်လီဖုန်းဆက်သွယ်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များ
တယ်လီဖုန်းဆက်သွယ်မှုစွမ်းရည်သည်အလွန်အရေးကြီးလှပါသည်။ အဘယ်ကြောင့်အရေးကြီးပါသနည်း။ အောက်ဖေါ်ပြပါအချက်များအားကြည့်ခြင်းဖြင့်သိနိုင်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို ကနဦး ဆက်သွယ်မှု ပြုလုပ်ရာတွင် တယ်လီဖုံး ကို ၈၅ ရာခိုင်နှုံး ထက်ပိုပြီးအသုံးပြုကြသည်။ သို့ပါ၍ တယ်လီဖုန်းဖြင့်အသုံးပြုဆက်သွယ်မှုပြုကြရာတွင် အကျိုးမဲ့အချည်းနှီး မဖြစ်စေရန် လိုအပ်ပါသည်။ မိမိအပါအ၀င် တစ်ဖက်စကားပြောနေသူ များ စိတ်အနှောက်အရှက်မဖြစ်စေရန် လည်း ဂရုစိုက်သင့်သည်။  နှစ်ဦးစလုံး၏ တန်ဘိုးဖြတ်မရသော အချိန် ကို အလဟသမဖြစ်စေရန် တယ်လီဖုန်း ဆက်သွယ်ရာတွင် လိုက်နာစောင့်ထိန်းအပ်သည့် အချက်များ ကို လေ့လာနားလည် သိရှိလိုက်နာကျင့်သုံးသင့်ပါသည်။ တယ်လီဖုန်းအသုံးပြုပြီးစားသုံးသူ၊ ဖေါက်သည်များအား ၀န်ဆောင်မှု ပေးရာတွင်ပိုမို၍ အကျိုးသက်ေ၇ာက်မှု လျင်မြန်စေရန် သတင်းအချက်အလက်များအား လက်ခံရမည့်သူထံ ရှင်းလင်းတိကျစွာပေးပို့နိုင်ရန်နှင့်  တယ်လီဖုန်း ခေါ်သူထံမှ ပေးပို့လာသော သတင်း အချက်အလက်များ အား သေချာစွာ လက်ခံရယူရန် လိုအပ်ကြောင်း မည်သူမဆို လက်ခံနိုင်မည်ဖြစ်ပါသည်။

မျက်နှာချင်းဆိုင်ပြောဆိုခြင်းနှင့်အသံဖြင့်သာဆက်သွယ်ပြောဆိုခြင်း ကွာခြားပုံ။
မျက်နှာခြင်း ဆိုင်ပြောဆိုရာတွင် မျက်နှာဟန်ပန်မူရာများမြင်သာသည် စိတ်တွင်းခံစားမှုများကို မြင်သိလွယ်သည် နားထောင်သူ၏အမူအရာကြည့်ရင်း နားလည်မလည် သိသာသည်

အသံဖြင့်ဆက်သွယ်ပြောဆိုသည့်အခါတွင်ကြားရသောအသံအရသာဟန်ပန်အမူအရာကိုခန့်မှန်းရသည် အသံဖြင့်ရှင်းပြပြောပြသလောက်သာခန့်မှန်းသိရသည် တစ်ဖက်မှပြန်ပြောပြသလောက်ဖြင့်သာ နားလည်ကြောင်းသိရသည်


ဆောင်ရန်နှင့်ရှောင်ရန်။

ဆောင်ရန်
တတိယအကြိမ်ဖုန်းသံမမြည်ခင် ဖုန်းကိုင်ပေးပါ
သင် ရှိနေသောနေရာကိုပြောပြပါ
နှုတ်ခွန်းဆက်ပါ
ပုံမှန်ထက်အနည်းငယ်နှေးပြီး စကားပြောပေးပါ တည်တည်ငြိမ်ငြိမ်ဖြစ်ပါစေ။
ယဉ်ကျေးပါ်။ကူညီလိုစိတ်ရှိကြောင်းသိသာပါစေ
တစ်ဖက်လူ၏အမည်ကိုခေါ်၍ နှုတ်ခွန်းဆက်ပါယဉ်ကျေးသိမ်းမွေ့စာပြောဆိုပါ
ဖြစ်နိုင်သလောက် မိမိကူညီနိုင်ကြောင်းပြောပါ
ချိုသာသိမ်မွေ့သောအသံဖြင့်ပြောဆိုပါ
ဖုန်းခေါ်သူအားကျေးဇူးတင်ကြောင်းပြော၍ ဖုန်းကိုငြင်သာစွာချပါ
ပြောဆိုလာသောအချက်အလက်များကို ရေးသားပါ
မှတ်သားထားသောအချက်အလက်များကို မှန်ကန်မှုရှိကြောင်း သေချာမှု ရှိ ပါစေ

ရှောင်ရန်
ဟဲလို ဟုသာပြောခြင်းသည်နားထောင်သူအတွက်အဓိပ္ပါယ်မရှိပါ။ မအားလပ်၍ဖြစ်စေ အကြောင်းတစုံတရကြောင့်ဖြစ်စေ လက်မခံနီုင်ခြင်းမှလွဲ၍ ဖုန်းမြည်သံကို ဂရုမစိုက်ဘဲ ထားခြင်းမပြုသင့်ပါ။မိမိကခေါ်ဆိုသည့်အခါတိုင်းတွင်လည်း တယ်လီဖုန်းခေါ်သံ သုံးကြိမ်တိုင်အောင် မြည်နေသော်လည်း လက်ခံပြောဆိုမည့်သူမှ မအားလပ်သောကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ လက်ခံပြောဆိုမှု မပြုလုပ်နိုင်ပါက တယ်လီဖုန်း ခေါ်ဆိုခြင်းအား ယာယီ ရပ်ဆိုင်ပေးသင့်ပါသည်။ သို့မှသာ တစ်ဖက်သူသည် မိမိလက်ခံပြောဆိုမှုမပြုနီုင်မီ ဆက်တိုက် ကျယ်လောင်စွာ မြည်နေသော ဖုန်းသံကြောင့်စိတ်အနှောက်အယှက်ဖြစ်စေမည်မှာ သေချပါသည်။
တစ်ဖက်သူမှ ဒေါသစိတ်ဖြင့်ပြောဆိုလာလျှင် စိတ်မထိန်းနိုင်ခြင်း၊တစ်ဖက်လူ၏စကားမဆုံးမီ တုံ့ပြန်ပြောဆိုခြင်း၊ဘာမှပြောဆိုခြင်းမရှိဘဲတစ်ဖက်လူအား စောင့်ဆိုင်းနေစေခြင်း၊
ဘာမှမပြောဘဲ ဖုန်းချသွားခြင်းလက်ခံနားထောင်မှတ်သားပြီးသည်နှင့် ပြောသူ၏အမည်နှင် ဖုန်းနံပါတ်ကို မမေးဘဲဖုန်းချပစ်လိုက်ခြင်း၊အော်ဟစ်ပြောဆိုခြင်း၊ဖုန်းခွက် ကိုကြမ်းတမ်းစွာချခြင်း။ဆောင့်ချခြင်း
သတင်းအချက်အလက်များကို စိတ်ဖြင့်မှတ်သားခြင်း၊သင်သိနားလည်လိုက်သည့် အချက်အလက်များ မှန်ကန်ကြောင်း တစ်ဖက်လူအားမမေးဘဲ ဖုန်းချပစ်ခြင်း စသည်များကို လုံးဝရှောင်ရှားသင့်ပါသည်။

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား