Tuesday, June 29, 2010

စွန်လိုက်သူ


စာရေးသူအမည်                             =    Khaled Hosseini 
ထုတ်ဝေသည့်ခုနှစ် ၊။                        =   April 27th 2004 by Riverhead Trade (first published 2003)


အဓိကဇာတ်ကောင်           = အမီးရ်  ၊ ဟက်ဆန် ၊ အာဆက်ဖ်
ဇာတ်အိမ်တည်ဆောက်ရာနေရာ       =  ကဘူးလ် မြို့ ( အာဖဂန်နစ္ခတန် )  နယူးယောက် မြို့ ( အမေရိကန်နိုင်ငံ ) ဖရီးမွန့် မြို့ ( အမေရိကန်နိုင်ငံ )

ရရှိသော စာပေဆုများ literary awards =   Humanitarian Award by UNHCR (2006), Exclusive Books Boeke Prize (2004),
                                                         ALA Alex Award (2004)


ဖခင်များနှင့်သားများအကြောင်း၊ သူငယ်ချင်းမိတ်ဆွေသံယောဇဉ်နှင့် သစ္စာဖျက်ခြင်း ၊ စသည့် အခြင်းအရာများမှာသည် မျက်မှောက် အာဖဂန်နိုင်ငံ၏ မင်းမဲ့စရိုက် နှင့် လူသားမဆန်တော့သည်များ

ဒီစာအုပ်ကို ဆရာမ ၀င့်ပြုံးမြင့် က တိမ်ယံသစ္စာ အမည် နဲ့မြန်မာဘာသာ ပြန်ဆိုပြီး  ပုဂံစာအုပ်တိုက် မှ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ဘူးပါတယ် ။
ဖတ်စေချင်သော အပိုင်းအစလေးများကတော့ ၊

“When you kill a man, you steal a life,” Baba said. “You steal his wife’s right to a husband, rob his children of a father. When you tell a lie, you steal someone’s right to the truth. When you cheat, you steal the right to fairness. Do you see?"
“Hassan!” I called. “Come back with it!”
He was already turning the street corner, his rubber boots kicking up snow. He stopped, turned. He cupped his hands around his mouth. “For you a thousand times over!” he said. Then he smiled his Hassan smile and disappeared around the corner. The next time I saw him smile unabashedly like that was twenty-six years later, in a faded Polaroid photograph.


In the end, I ran.
I ran because I was a coward. I was afraid of Assef and what he would do to me. I was afraid of getting hurt. That’s what I told myself as I turned my back to the alley, to Hassan. That’s what I made myself believe. I actually aspired to cowardice, because the alternative, the real reason I was running, was that Assef was right: Nothing was free in this world. Maybe Hassan was the price I had to pay, the lamb I had to slay, to win Baba. Was it a fair price? The answer floated to my conscious mind before I could thwart it: He was just a Hazara, wasn’t he?
I ran back the way I’d come. Ran back to the all but deserted bazaar. I lurched to a cubicle and leaned against the padlocked swinging doors. I stood there panting, sweating, wishing things had turned out some other way


“Do you want me to run that kite for you?”
His Adam’s apple rose and fell as he swallowed. The wind lifted his hair. I thought I saw him nod.
“For you, a thousand times over,” I heard myself say.
Then I turned and ran.
It was only a smile, nothing more. It didn’t make everything all right. It didn’t make anything all right. Only a smile. A tiny thing. A leaf in the woods, shaking in the wake of a startled bird’s flight.
But I’ll take it. With open arms. Because when spring comes, it melts the snow one flake at a time, and maybe I just witnessed the first flake melting.
I ran. A grown man running with a swarm of screaming children. But I didn’t care. I ran with the wind blowing in my face, and a smile as wide as the Valley of Panjsher on my lips.
I ran.
ဒီမှာ ဒေါင်းမယ် ဗျ


http://www.mediafire.com/file/e0z03mjceqh/The_Kite_Runner-1.pdf

Wednesday, June 23, 2010

Sophie Zelmani ဆိုဖီ ဇယ်လ်မာနီ သီချင်းများ tell me you're joking

Tell me you're joking
He couldn't believe
what his mama said
They put him in their car,
and he got scared
She looked at him
in a such painful way
Oh please mama,
don't torture me this way

She held in close
and tears fell down
He thought of
the words she'd said
your father is gone

Oh no, this can not be
My father would never leave me
So tell me you are joking, mama

She said he didn't suffer,
because he was drunk
But how could she know
she wasn't there when he sunk

Oh no, this can not be
My father would never leave me
So tell me you are joking, mama

He thought
he would accept it
As time passed by
But still there are moments
when he has to cry
He feels his father
should have been there
through the years
But he'll always
send him love
Through thoughts
and through years


♫ Tell Me You're Joking ♫ Sophie Zelmani

Monday, June 21, 2010

Sophie Zelmani ဆိုဖီ ဇယ်လ်မာနီ သီချင်းများ always you

Sophie Zelmani - Always You
If it wasn't the oceans,
wasn't the breezes,
wasn't the white sands,
I might not be needed,

If I could sleep through the coal mines,
If I could breathe through hatred,
If I could, work through the summer,
then I woulnd't feel so humble,

oh you, it's always you,
it's always you.

If red roses weren't so lovely,
Wine didn't taste so good,
Stars weren't so romantic,
Then I could do what I should

Oh you, it's always you
It's always you.
Oh you, it's always you
It's always you

If you love, I could command it,
Get your head, to understand it,
I'd go twice, around the world,
Even though, I may not find it.

Oh you, it's always you,
It's always you.
You, it's always you,
It's always you.


♫ Sophie Zelmani ♫ Always You (ten years later) ★ HD

Sophie Zelmani ဆိုဖီ ဇယ်လ်မာနီ သီချင်းများ

Sophie Zelmani  ဆိုဖီ ဇယ်လ်မာနီ( အမည်ရင်းကတော့ဆိုဖီ အက်ဒ်ကဗစ်စ်ထ် ဖြစ်ပါတယ် )Sophie Edkvist ကို  ၁၉၇၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် နေ့မှာ ဆွီဒင်ဘုရင့်နိုင်ငံ စတော့ခ်ဟုမ်းမြို့ မှာ မွေးဖွားခဲ့သူပါ အခုဆိုရင်တော့ အသက် ၃၈ နှစ် ရှိပြီပေါ့နော်။ သူက ဆွီဒင် သီချင်းရေးလည်းရေးဆိုတလည်းဆို လည်းဆို တဲ့သူတစ်ယောက်ပါ သူ့ရဲ့ ပထမဦးဆုံး အယ်လ်ဘမ်မ် ဖြစ်တဲ့ "Always You". ကို ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
Stockholm မြို့ရဲ့ ဆင်ဖြေဖုံး ရပ်ကွက်လေးမှာမွေးလာတဲ့ ဆိုဖီ ဇယ်လ်မာနီ ကို အသက် ၁၄ နှစ် မှာဖခင် ကဂစ်တာ တစ်လုံးလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ဘယ်လို အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုခုကို မှ တက်ရောက်လေ့လာသင်ကြားခဲ့ဘူးခြင်း မရှိ ခဲ့ပေမယ့် ဆိုဖီ ဇယ်လ်မာနီ ဟာ သူဘာသာသူရေးတဲ့သီချင်းလေးတစ်ချို့ကို သူမြို့က တေးသံသွင်း စတူဒီယို လေးမှာ အသံသွင်းယူခဲ့ပါတယ်။
ပြီးတော့ တေးထုတ်လုပ်ရေး ကုမ္ပဏီ ကြီး ၃ ခု ဆီကို စာတိုက်က နေ ပေးပို့ခဲ့ရာမှာ ဆွီဒင်နိုင်ငံမှာ တေးထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုနီ တေးထုတ်လုပ်ရေး လုပ်ငန်းကြီးရဲ့ ကမ်းလှမ်းမှုကိုလက်ခဲရရှိခဲ့ပါတယ်။
Sophie Zelmani ဆိုဖီ ဇယ်လ်မာနီ  ရဲ့ပထမဦးဆုံး အယ်လ်ဘမ်ကို လားစ် ဟာလာပီ က စီစဉ်ပါတယ်  ပူးတွဲ ထုတ်လုပ်သူလည်း ဖြစ်ပြီး ဂစ်တာလည်း တီးသူပါ .သူ က အယ်လ်ဘမ်မ် စတင်ထုတ်လုပ်ခဲ့ပုံကို ဒီလိုပြောပြပါတယ်  "In the beginning Lars and I spent a few months in the studio. We had fun and then picked the musicians. We recorded in two weeks but the whole thing took half a year."
၁၉၉၇ ခုနှစ် မှတော့ သူ့ရဲ့ အယ်လ်ဘမ်မ် ဟာ ဥရောပနဲ့ အာရှ ပစိဖတ်ဒေသ မှာ ဓါတ်ပြားအချပ်ရေပေါင်း ၂ သိန်းကျော် ရောင်းချနိုင်ခဲ့ပါတယ် အဒြီနောက်မှာတော့ သူဟာ အမေရိက ဈေးကွက်ထဲအထိထိုးဖေါက်နိုင်ဖို့ အတွက်  Columbia Records ဆိုဖီ ဇယ်လ်မာနီ  ကဒီလိုပြောပါသေးတယ် "I had no ambitions to go abroad. I knew I wanted to make a record. That's all I wanted."
ထုတ်ဝေခဲ့တဲ့ အယ်လ်ဘမ်မ် စာရင်းကတော့  ၁၉၉၅ ခုနှစ် မှာ  Sophie Zelmani ၁၉၉၈ မှာ Precious Burden ၁၉၉၉ မှာ  Time to Kill ၂၀၀၂ မှာ  Sing and Dance ၂၀၀၃ မှာ  Love Affair ၂၀၀၅ မှာ  A Decade of Dreams 1995-2005 ၂၀၀၇ မှာ  Memory Loves You ၂၀၀၈ မှာ  The Ocean and Me ၂၀၁၀ မှာ  I'm the Rain ထုတ်ဝေခဲ့ပြီးပါပြီ။






ဒါကတော့ Dreamer သီချင်းလေးပါ


Sophie Zelmani - Dreamer


စာသားလိုချင်သူတွေအတွက် ပါ

Seasons, my friend.
Colour me so we can blend.
Forbid me to go,
I know so little about the wind when it blows.

Dreamer, dreamer.
I�m woking out of your dream.

Take me off that parade,
and place me somewhere in yours and so shades.
Your night shuts my door,
and I announce dream anymore.

See if I can pass by that waiting hand,
if I can pass by that wondering man.
If I can leave to get one,
see that it all make sense pretty soon.

Dreamer, dreamer.
I�m woking out there you go on.
(dreamer, dreamer)
Dreamer, dreamer,
I�ll be where I belong.
(dreamer, dreamer)

Thursday, June 17, 2010

G လေး သီချင်း

ွG လေး က ကောင်မလေး သီချင်းနဲ့ဘဲ စီးရီး ထုတ်လိုက်ပါပြီ

လိုချင်သူတွေ ဒေါင်းနိုင်ဖို့ပါ
သီချင်းခေါင်စဉ်များ ပါ
၁။ ခိုးချစ်ရသူ
၂။ အချစ်ဒဏ်ရာ
၃။ ကောင်မလေး
၎။ အတွေးကမ္ဘာ
၅။ ကျောင်းသီချင်း
၆။ ဆွေး
၇။ မချစ်တော့ဘူး
၈။ မင်းအလှကြောင့်
၉။ အလွမ်းရဲ့ ဒဏ္ဍာရီ
၁၀။ အမေ
၁၁။ ကိုလူကြမ်း
၁၂။ ကောင်မလေး

ဒီမှာပါ

http://www.mediafire.com/?z4tmptt8yev

L ဆိုင်းဇီ သီချင်း

အယ်လ် ဆိုင်းဇီ ကလည်း စီးရီးအသစ် ဖြစ်တဲ့ ဝေခွဲမရပါလား အယ်လ်ဘမ်မ် ကို ထုတ်ဝေလိုက်ပါတယ်
သီချင်းခေါင်းစဉ်များကတော့

၁။ ကြေကွဲရလိမ့်မယ်
၂။ ကျေပါစေတော့ ဒီဝဋ်ကြွေးများ
၃။ အားနည်းချက်
၎။ ဝေခွဲမရပါလား
၅။ ဖြတ်မရ
၆။ ကြိမ်စာ
၇။ အဆုံးထိ
၈။ မေ့ထား
၉။ ဆုံးရှုံးပြီးရင်း
၁၀။ ဆုတောင်းနေမယ်
၁၁။ ဝေး

ဒီမှာ ဒေါင်းနိုင်ပါတယ်


http://www.mediafire.com/file/ohnmjvwwdzz/Lဆိုင်းဇီ.rar

Monday, June 7, 2010

ကျွန်တော်တို့ ရဲ့ တက္ကသိုလ်

ပညာရေးနှင့်သင်ယူခြင်း ခေါင်းစဉ်အောက်မှာ  တက္ကသီလာ အမိမာတာ တဲ့ ဖတ်ပြီး ခေါင်းစားသွားတယ်
ဟုတ်တယ်ဗျ ပုံမှန် အတိုင်းဆိုရင်ပေါ့ ခက်သွားတာက ကျွန်တော် တို့နိုင်ငံမှာက ၂ မျိုး အမြဲပြောင်းလဲနေတာလေ
ဘာ ၂ မျိုးလည်း ဆိုတော့ အခုတစ်မျိုး တော်ကြာတစ်မျိုး  ရီစရာပြောတာပါ
ကျွန်တော်က အမိတက္ကသိုလ် လို့ ပြောရင် ဘယ်ကျောင်း ပြောရမလည်း မသိဘူးဗျ
စိတ်တော့မကောင်းဘူး သူများတွေက ကိုယ့် အမိတက္ကသိုလ် ဆိုပြီးပြောနေနီုင်ချိန်မှာ မှာ ကျွန်တော်က ပြောလို့မရဘူး
မယုံဘူးလား
ပြောပြမယ်ဗျာ ကျွန်တော်တို့ ၁၉၇၉ - ၁၉၈၀ ပညာသင်နှစ်မှာ ၁၀တန်းကို အခြေခံပပညာအထက်တန်းကျောင်း ကနေ
အခြေခံပညာအဆင့်မြင့်တန်းကျောင်း ဆိုပြီး စ ပြောင်း တဲ့နှစ်မှာ  အဲဒီနှစ်မှာပေါ့ စိတ်နာနာနဲ့ မှတ်ထားတာဗျ အထက(၁) အင်းစိန်မြို့ ကနေ
ဆယ်တန်းအောင်ခဲ့တယ်ဗျ ဓါတုဗေဒ သင်တဲ့ ဆယ်တန်း G အတန်းပိုင်ဆရာမ ဒေါ်မိမိစိန် ကသတိပေးပါတယ်  သားတို့ သေသေချာချာ အမှတ်ကောင်းအောင် ကြိုးစားကြပါ စနစ်သစ်ဆိုရင် အမှတ်ပေးရတဲ့ ဆရာမတွေက အမှတ်ပေးစည်းမျဉ်း ကို ဘေးမှာချပြီး တိတိကျကျ အမှတ်ပေးတတ်ကြတယ် ၂နှစ် ၃ နှစ် ကြာလာရင်တော့ ဘယ်သူမှ ဒီအမှတ်ပေးစည်းမျဉ်းကို လှန်မကြည့် ကြတော့ဘူး  သိနေပြီကိုးဗျ
အဆင်ပြေသလိုပေးတတ်ကြတယ် အိမ်မှာ တစ်နေရာရာမှာ ရှိခဲ့ ဖြစ်ခဲ့တဲ့ emotions တွေ ပါမှာပေါ့ဗျာ စိတ်မကြည်ရင်မကြည်သလို အမှတ်ပေးလိုက်မယ် သူ့ရဲ့ အမှတ်ကြောင့် ကျောင်းသားလူငယ်လေး တစ်ယောက်ယောက် ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တာ သူစဉ်းစားမိမှာမဟုတ်ဘူးလေ
ဒါလ်ည်း ဂရုစိုက်မနေပါဘူး ကိုယ့်ဘာသာ ပုံမှန်ပါဘဲ
အခြေခံပညာအဆင့်မြင့်တန်း ကို 1979 - 1980 ပညာသင်နှစ်မှာအောင်လာပါတယ် ဂုဏ်ထူး  ဘာမှမပါဘူး အဲဒီအချိန်စိတ်မကောင်းမဖြစ်သေးဘူး
ဘယ်အချိန်မှလည်း ဆက်ဖတ်ကြည့် ပြောပြဦးမယ် ကျွန်တော်တို့ ၁၀ တန်းတုံးက အောင်စာရင်းထွက်မယ့်နေ့ကို တရားဝင်မကြေငြာဘူးဗျ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ဗျ open secret ပေါ့ အောင်စာရင်းတွေကို မြန်မာ့ဆိုရှယ်လစ်ပါတီ ပါတီယူနစ်ရုံးတွေကို အောင်စာရင်းပို့ရတယ် ပြီးတော့ မြန်မာပြည် အစိုးရသတင်းစာတွေက အောင်စာရင်းကို သတင်းစာ စာအုပ်ကြီးတွေထုတ်ပြီး ရောင်းကြတယ်ဗျ။ ကျောင်းသူကောင်းသားတွေ အားလုံး ကျောင်းရှေ့ ရုံးရှေ့ ကားလမ်းမတွေမှာ စခန်းချပြီးတော့ကို မနက်မှာထွက်မယ့် အောင်စာရင်းကိုစောင့်ကြတာဗျ တကယ့်ကိုပျော်စရာကြီးဗျာ သွားစောင့်ကြတဲ့ သူတွေထဲမှာ အဲဒီခေတ်က 10 % ဘဲအောင်မှာ သိသိကြီးနဲ့ ပေါ့ ကျွန်တော်တို့ ညီအကို ကတော့ ညနေ ၆နာရီကျော်ရင် အိမ်အပြင်ထွက်ခွင့် မရတော့ဘူး အိပ်နေကြရတယ် မပျော်ပေမယ့် အပါး( အဖေ)ကြောက်လို့ အိပ်ယာထဲဝင်ခွေနေရင်း အိပ်ပျော်သွားရော။ည မဟုတ်ဘူး မနက် 4 နာရီလောက်မှာ သူငယ်ချင်းတွေက လာနှိုးနေကြပြီ စိုးမိုးသူ မိုးကျော်သူ အောင်တယ် မိုးကျော်သူ( ကျွန်တော့်အကို) က သင်္ချာ ရူပ+ဓါတု ဂုဏ်ထူးပါတယ် လက်ဖက်ရည်တိုက် ပြီးတော့ အောင်စာရင်း သတင်းစာလည်း ၀ယ်ရမယ် ဆိုပြီးလာနှိုးမှ အပါး က သွားချင်ရင် သွားကြလေ ဆိုတော့ ဘယ်နေမလည်း ချက်ခြင်း သူငယ်ချင်းတွေနဲ့ ထလိုက်တော့တာပေါ့ တစ်ခုဘဲ အခုထိ စိတ်မကောင်း ဖြစ်တာကတော့ ကျောင်းမှာကပ်ထားတဲ့ အောင်စာရင်းကိုတိုးကြည့်ရတဲ့ ဖီလင်ကိုမရခဲ့တော့ဘူး ကျွန်တော်တို့ 10 တန်း G အထက(၁) အခန်းထဲက 100 မှာ 11 ယောက်တိတိ အောင်တယ်ဗျ
အထက(၁)တစ်ကျောင်းလုံးမှာ  ဘယ်နှစ်ယောက်အောင်လည်းတော့မသိဘူး 2 D ကအများဆုံးဘဲ သူငယ်ချင်းတွေအားလုံး ဂုဏ်ထူးပါတယ် ကျွန်တော်တစ်ယောက်တည်း မပါတာသိရတဲ့အချိန်မှာ ပထမဦးဆုံး စပြီး စိတ်ထဲမှာတမျိုးဖြစ်လာပြီ ဒါပေမယ့် ရသေးတယ်
အမှတ်စာရင်းတွေထွက်လာပြီး တက္ကသိုလ်ဝင်ခွင့် တွေ စတင်ရတော့မယ် ဆိုတော့မှ ကြေကွဲဇာတ်လမ်း စတော့တာဘဲဗျို့

သင်္ချာ နဲ့ ရူပ ဓါတု အမှတ်ပေါင်းပေါ်မှာ သိပ္ပံ ၀ိဇ္ဇာ ဘာသာတွဲ ခွဲမယ်တဲ့ ၂ ဘာသာပေါင်း မှ ကျွန်တော်ရတာ 106 မှတ် 110 နဲ့ ဖြတ်ချလိုက်တော့ သေရော ဗျာ ဖြစ်ချင်တာအဲးဒီအချိန်တုန်းက အင်ဂျင်နီယာမှ ဗိသုကာ ARCHITECT ဖြစ်ချင်နေတာ ကို ၀ိဇ္ဇာသင်္ချာ ဘာသာတွဲနဲ့ အမှတ် ၂ ဒေသကောလိပ်မှာ တက်ခွင့်ရကြောင်း ပြန်စာလေးစာတိုက်က ရတဲ့အချိန် စိတ်ဆင်းရဲရပုံ အခုပြန်ပြောမတတ်ဘူး
အမေ့ကို အင်းစိန် မီးရထားစက်ခေါင်းစက်ရုံမှာ အလုပ်လုပ်ခွင့်ပြုပါတော့ ကျောင်းမတက်ချင်တော့ပါဘူး ဆိုပြီးတောင်းဆိုမိခဲ့တဲ့အထိပေါ့။
အမေက သားငယ် အခုမှအသက် ၁၆ နှစ်ကျော်ရုံလေးရှိသေးတယ် ကောလိပ်မှာ ၂ နှစ်လောက်တက်ကြည့်ပါဦး ပြီးမှ ၁၈ နှစ်ပြည့်တော့မှ  အလုပ်လုပ်ချင်လည်းလုပ်ပါ ဆိုပြီးချော့တော့ ဒါဆိုလည်း တက်ဦးမယ်ပေါ့ မိဘစိတ်ကျေနပ်အောင်
RC  2 ဆိုတဲ့ အမှတ် ၂ ဒေသကောလိပ် ကို စတက်ရောဗျ ကိုယ့်အခန်းမှာ ကိုယ်မသိတဲ့သူတွေချည်းဘဲ သူငယ်ချင်းတွေက သိပ္ပံတွဲ ဘိုင်အို မက်စ်
ဘယ်နေမလဲ သူတို့ အခန်းတွေမှာဘဲသွားတက်တာ ကိုယ်အခန်းထဲကို အလည်သွားရုံလေးဘဲ
ဘိုင်အို ခန်းမှာ အမြဲလိုနေနေတာ ဘာသာတွဲတူတဲ့ နိုင်ငံရေးသိပ္ပံတို့ အင်္ဂလိပ်စာ မြန်မာစာ အဲဒီမှာဘဲတက်တယ်
သင်္ချာတက်ချင်ရ င် သချာင်္ခန်းသွားတယ် ကိုယ့်အခန်းကတော့လုံးဝနီးပါး ကို မရောက်တာဗျ
First Term တစ်လျှောက်လုံး ဒီလိုမျိုးနေရင်း နွေရာသီကျတော့ အသုံးလုံးစီမံကိန်း နဲ့ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် တစ်ဖက်ကမ်း ကန်ဇွန်းအင်း ကျေးရွာအုပ်စု ကိုသွားပြီး ဆရာလေးအခေါ်ခံ လိုက်သေးတယ် တစ်လ ကြာပြီး ရန်ကုန်ပြန် ရောက်တယ် အမှတ်တရခရီးစဉ်လေးတစ်ခုပါဘဲ ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ သူများအကျိုးအတွက် သက်သက် သွားခဲ့တာကိုး ။ နွေကျောင်းပိတ်ရက်ကုန်လို့ Second Term တက်ရကာနီးရောက်တော့ ပြောင်းပြန်ရောဗျ အမှတ် ၂ ဒေသကောလိပ်မှ သည် ရန်ကုန်တက္ကသိုလ် ( လှိုင် နယ်မြေ ) သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြန်ရောဗျ။ ကျောင်းပြန်ဖွင့်တော့ ပုံမှန်အတိုင်းတက်နေရင်း စိတ်ပညာ ဆရာမ ဒေါ်ကြင်ယု က ရုံးခန်းလာတွေ့ဖိုမှာတယ်တဲ့ ။
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဗျ အများစု ၇၅ % လောက်ရှိမလားဘဲ ။ ဘာလို့အတန်းမတက်တာလည်းမေးတာပါ ။
ကျွန်တော်က ခံစားနေရတဲ့အတိုင်း ပြောတာပေါ့ စိတ်မပါလို့ သူငယ်ချင်းတွေက သိပ္ပံ တွဲ ရောက်ပြီး ကိုယ်က အများအထင်မကြီးတဲ့ ၀ိဇ္ဖာတွဲမှာ ဆိုတော့ အနာဂတ်က အရမ်းကျဉ်းမြောင်းသွားသလိုဘဲလို့ သူတို့က အချိန်တန်ရင် ဆရာဝန်တွေ အင်ဂျင်နီယာတွေ နည်းပညာရှင်လေးတွေ ဖြစ်လာမှာ ကိုယ်ကတော့ သူတို့နဲ့ နှိုင်းရင် မျှော်လင့်နိုင်တဲ့ အရာတွေက မှုံဝါးဝါးနဲ့ ဘာမှမရေရာဘူး လေ ဆရာမက ပြောတယ် ရိုးရိုးလေးဘဲမေးတယ်
မင်းအခု ကြိုးစားလို့ အမှတ်ကောင်းကောင်းနဲ့ အောင်ရင် ဘာရနိုင်မလဲသိလား တဲ့ သိတာပေါ့ စီးပွားရေးတက္ကသိုယ်ရောက်နိုင်တယ် ဆရာမကပြောတယ် မင်းဒီအတိုင်းဆက်သွားရင် ရနိုင်တဲ့ စီးပွားရေးတက္ကသိုယ်တောင်မရဘဲ နေမှာပေါ့ ဘ၀မှာ ရောက်တဲ့နေရာ ကို နားလည်လက်ခံ ပြီး ကြိုးစားမယ်ဆိုရင် အကောင်းဆုံး အနေအထားတစ်ခုတော့ မလွဲမသွေရောက်မှာသေချာတယ် ဒါမှမဟုတ်ရင်တော့ ဒီထက်ညံ့တာတွေလို့ ကိုယ်ထင်ပြီး မလိုချင်တာတွေဘဲ ကိုယ်နဲ့ ထိုက်တန်နေတာသိရလိမ့်မယ်တဲ့ ကဲ အဲဒီမှာ မိဘ ထားတဲ့ကျောင်း တန်ဘိုးရှိစေရမယ် လို့ ဆုံးဖြတ်လိုက်ပြီး ကြိုးစားလိုက်တော့ ပထမနှစ်ကို မတန်မရာ ဂုဏ်ထူးလေးပါလာလိုက်သေးဗျ အော်   ကျန်ခဲ့ဦးမယ် ဆရာမ ခေါ်တွေ့သလိုဘဲ ဆရာ နန္ဒာသိန်းဇံ က ယုတ္တှိဗေဒ သင်ဖို့ တာဝန်ကျတာ တစ်ခါမှာလည်း မလာဘူး ကျွန်တော်တို့လိုဘဲ စာမေးပွဲဖြေခါနီး မှာ အတန်းတက်ဖို့ ပြောတယ် ယုတ္တှိဗေဒ ကလွယ်လွန်းလို့တဲ့ နီးမှလာ ငါခေါ်မှာလာ အဲဒီအခါကျရင်တော့ အတန်းမပျက်နဲ့တဲ့ ။ တကယ်ပါဘဲဗျာ ဆရာသင်တာ တွေ တခါတည်းနဲ့ မှတ်မိပြီး ပြန်ကျက်စရာမလိုအောင်ဘဲမို့ အောင်စာရင်းထွက်တဲ့အခါ ကိုယ့်အမည်ရဲ့အနောက်နားမှာ ဂုဏ်ထူး ဆိုတာမြင်ဘူးသွားတယ် ။
ပထမနှစ်အတန်းတင်စာမေးပွဲ မဖြေခင် အပြောင်းအလဲ လုပ်ပြန်ရောဗျ ဒီနှစ် ဆယ်တန်းအောင်တဲ့သူတွေ သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်လျှောက်ပြီးတန်းတက်ခွင်ရမယ်တဲ့ ကျွန်တော်တို့ ကဒီပထမနှစ်အောင်ပြီးရင်တောင်မှ လေထဲတန်းလန်းဖြစ်နေသလိုဘဲ
ကိုယ့်နောက်က အောင်လာတဲ့သူတွေက ဆေး စက်မှု စီးပွားရေး ဥပဒေ အစရှိသည်ဖြင့် တက်ခွင့်ရပြီး လာတက်နေကြပြီ ကိုယ်တွေကတော့ အဲဒီအချိန် အရမ်း စိတ်ပျက်တာဘဲဗျ ကိုယ့်နောက်က အောင်လာသူတွေက ခိုင်ခိုင်မာမာ သူတို့နေရာမှာ ရပ်ပြီး နေချိန် ကျွန်တော် တို့က ဘာမှ မရေရာသေးဘူး
ခြေချော်လက်ချော် မဖြစ်အောင် သတိကြီးကြီး ထားနေနေရတာကိုး။ အောင်စာရင်းထွက်ပြီး စီးပွားရေးတက္ကသိုယ် ကို ( ဥရောပသား ခရစ်ယာန်တွေရဲ့ un luckyနံပတ်  ) အမှတ်စဉ် ၁၃ နဲ့ စီးပွားရေး တက္ကသိုယ် ( ပင်မ ) ကမာရွတ် ဆိုတဲ့ ကျောင်းကို ၁၉၈၃ - ၁၉၈၄ ပညာသင်နှစ်မှာ ရောက်ပြီး ၁၉၈၄ -၁၉၈၅ ပညာသင်နှစ်မှာ နောက်ဆုံးနှစ်ဖြေပြီး B.Econ ( Economics ) လို့ခေါ်တဲ့ ဒီဂရီ လက်မှတ်တစ်စောင်ကို လက်ဝယ်ပိုင်ပိုင် ကိုင်ဆုပ်နိုင်ခွင့် ရတော့တာကိုးဗျ။
ကဲ ကျွန်တော် တက်ခဲ့တဲ့ အမှတ် ၂ ဒေသကောလိပ် ရန်ကုန် ရယ် ရန်ကုန်တက္ကသိုယ် ( လှိုင်နယ်မြေ  )ရယ် စီးပွားရေးတက္ကသိုယ် ( ပင်မ ) ကမာရွတ်ရယ်
ဘယ်ဟာ ကကျွန်တော့ အမိမာတာ တက္ကသီလာ အမိတက္ကသိုယ် ဖြစ်ပါသလည်း ဗျာ

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား