Sunday, May 30, 2010

Demetria Devonne "Demi" Lovato

Demetria Devonne "Demi" Lovato  ဒီမီထရီးယား ဒီဗွန်း လိုဗာတို ကို ၁၉၉၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ မွေးပါတယ် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို သီချင်းရေးဆိုသူတစ်ဦးလည်းဖြစ်ပါတယ် ။  မီချယ် ထောရက်စ် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဒစ်စနေး ရုပ်သံဇာတ်လမ်းတွဲ Camp Rock မှာ အောင်မြင်လာသူလေး ၊ ဖြစ်တဲ့အပြင် အဆိုရှင်တစ်ယောက်အဖြစ် ၂၀၀၈ ခုနှစ်မှ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Don't Forget အယ်လဘမ် က ဘီလ်ဘုတ် မှာ နံပတ် ၂ နေရာရောက်သွားပြီး ပထမအပတ်အတွင်းမှာ အချပ်ရေ ၈၉၀၀၀ ကျော်ေ၇ာင်းချခဲ့နိုင်ပါတယ် ။ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၁ မှာ ဒုတိယ အယ်လဘမ် အဖြစ်  Here We Go Again,ထုတ်ဝေချိန်မှာတော့ ပထမတစ်ပတ် အတွင်းမှာ အချပ်ရေ ၁၀၈၀၀၀ ရောင်းချနိုင်ခဲ့ပြီး ဘီလ်ဘုတ်မှာ နံပတ် ၁ စရင်းဝင်နိုင်ခဲ့သူလေးပါ သူ့သီချင်းလေး တွေနားဆင်ကြည့်ကြရအောင်လားဗျာ



Demi Lovato - Don't Forget - Official Video (HQ)

Sunday, May 9, 2010

Rivermaya Music Band

ဖိလစ်ပိုင်နိုင်ငံ က Rivermaya  ရော့ခ် တေးဂီတ အဖွဲ့ လေး ကို 1993 ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ် Rock, Pop,Alternative သီချင်းလေးတွေနဲ့
အခုအချိန်အထိ မိခင်နိုင်ငံအပြင် အာရှလေးနိုင်ငံ ဖြစ်တဲ့ စင်ကာပူ ထိုင်းမလေးရှား အင်ဒိုနီးရှား မှာပါ အမာခံ ပရိသတ်ရှိနေပါပြီ
အဖွဲ့ဝင် လေးဦး ဖြစ်တဲ့   
    * Jayson Fernandez - Vocals, Guitars (2007-present)
    * Japs Sergio - Vocals, Bass (2001-present)
    * Mike Elgar - Guitars, Vocals, Keyboards (2001-present)
    * Mark Escueta - Drums, Percussion, Vocals, Occasional guitars (1993-present)
တို့က သီချင်းကောင်းလေးတွေကို ဆက်လက်ပြီး ဖန်တီးထုတ်လုပ်နေဆဲပါ သူတို့ ရဲ့ ၀က်ဘ်ဆိုက်ကတော့   
Code: [Select]
www.rivermaya.ph   ဖြစ်ပါတယ် .


Charmaine Clarice Relucio Pempengco


သူ့အမည်ရင်းက တော့ Charmaine Clarice Relucio Pempengco
လူသိများတဲ့ နာမည်တွေကတော့ Charice, Charice Pempengco


အသံပါဝါကောင်းတယ် အဆိုပိုင်တယ် အမေရိကားလို နေရာမျိုးမှာ တောင် ပွဲတိုးနိုင်တဲ့ အစွမ်းအစတွေနဲ့ မိန်းခလေးပါ
၁၉၉၂ မေလ ၁၀ ရက်နေ့မွေးတာဆိုတော့ အခု ဆို 18 နှစ် ပြည့်ပြီ ပေါ့နော် အရွယ်နဲ့ မလိုက်အောင် တော်တယ်ပြောရမလားဘဲဗျာ


ဖိလစ်ပိုင်နိုင်ငံ လာဂူနာမြို့ကလေးမှာမွေးတာပါ Pop, R&B, soul သီချင်းလေးတွေနှစ်သက်ဆိုတတ်တဲ့ charice မှာ Carl ဆိုတဲ့ မောင်လေးနဲ့အတူ မိခင် ရဲ့ ဆိုဆုံးမမှုတွေနဲ့ ကြီးပြင်းလာသူလေးပါ ဖခင်ကတော့ သူ ၃ နှစ်သမီးအရွယ်မှာဘဲ ပြည်တွင်းစစ်ရဲ့ သားကောင်အဖြစ် ဆုံးပါးသွားခဲ့ပါတယ်
http://en.wikipedia.org/wiki/Charice_Pempengco
ဒီလင့်ခ်လေးမှာအပြည့်အစုံ သူ့အကြောင်းဖတ်နိုင်ပါတယ် ( ဟီး ဆက်ရေးရမှာပျင်းလာလို့ )
သီချင်းနားထောင်ရအောင်နော်

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား