Friday, August 14, 2009

မြန်မာ့ရိုးရာ စကားထာလေးများ ၀ှက်တမ်းကစားကြမယ်

ကျွန်တော်တို့ ကလေးဘ၀ကတည်းက လ သာညလေးတွေမှာ ဒါမှမဟုတ် မာကြူရီ မီးတိုင်ကလေးတွေအောက်မှာ
ယောက်ျားလေးတွေရော မိန်းခလေးတွေပါ အရွယ်ကလည်း မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်ကလေးတွေရော
အပျိုဟိုင်းကြီးတွေအပါအ၀င်ပေါ့ အတူတူဝိုင်းထိုင်ရင်း ကျားတစ်ဖက်
မတစ်ဖက် အပြိုင်အဆိုင် အလုအယက် အော်ကြဟစ်ကြ ငြင်းကြခုန်ကြရင်း လူကြီးတွေက အိပ်ချိန်လွန်နေပြီ အိပ်ကြတော့ ဆိုပြီး ပြောလာကြမှ
အိပ်ချင်အိပ်ချင် နဲ့ လူစုခွဲခဲ့ကြရတာကိုမှတ်မိနေပါသေးတယ် မြန်မာပြည်အနှံ့မှာလည်း ကျွန်တော်ကြီးပြင်းခဲ့တဲ့ အင်းစိန်မြို့နယ်
မီးရထားဝင်းကလေးမှာ လိုဘဲ စကားထာဝှက်တမ်းကစားကြမယ် စကားလိမ်တွေဝှက်တမ်းကစားခဲ့ကြမယ် ဆိုတာ မှတ်မိနေသေးတယ်
ကဲ အခုလည်း ငယ်ငယ်တုံးကလိုဘဲ သူငယ်ချင်းတွေနဲ့ စကားထာဝှက်တမ်းကစားရအောင်နော်
စ လိုက်ကြရအောင်
၁။ ငယ်စဉ်က ရင်ခွင်ထဲမှာ ပိုက်လို့ ပွတ်သပ်
ကြီးစေလိုလို့ တုတ်နဲ့ရိုက်
မာစေချင်လို့ မီးနဲ့မြှိုက်
အဲဒါ ဘာလဲကွယ်
၂။ သူ့ ဟာက တစ်မိုက်လောက်
အမွှေးလေးကညီညီ
ထိုးသွင်းပြီးလှည့်မွှေ့ရင် ဇိမ်ရှိ
နာရင်ဆွဲထုတ်
အဲဒါလေးရော ဘာများလဲကွယ် မဟုတ်တာတွေမတွေးကြေးနော်
ကဲကဲ ဖြေကြည့်ကြရအောင်နော်

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား