Friday, April 30, 2010

ဟင့်အင်းဟင့်အင်း

ရှက်နေသလား
ခက်နေမလား
ဟင့်အင်း ဟင့်အင်း

ထားမှာလား
သွားမှာလား
ဟင့်အင်း ဟင့်အင်း

လက်ခံမယ်လား
ငြင်းဆန်တယ်လား
ဟင့်အင်း ဟင့်အင်း

ူရယူမှာလား
ပေးဆပ်မှာလား
ဟင့်အင်း ဟင့်အင်း

ဟင့်အင်း ဟင့်အင်း တဲ့
ငြင်းနေတာလား
ဟင့်အင်း ဟင့်အင်းတဲ့
မဖြေရှင်းချင်တာလား
ဟင့်အင်း ဟင့်အင်း တဲ့

ခေါင်းရမ်းခါရင်း ခွင့်ပြုခဲ့သလို
ငြင်းဆန်ရင်းနဲ့ ခေါင်းညိတ်
သြော် လူ့ စိတ် ။

Friday, April 16, 2010

Wednesday, April 14, 2010

လေးဆယ့် ငါးနှစ်


ဒီနေ့
တွက်စစ်ကြည်တော့
အသက် တောင်
လေးဆယ့်ငါးနှစ်ပြည့်ခဲ့ပြီ
အဖေကအထက် အညာ
အမိုးက သာယာဝတီ
အင်းစိန် မီးရထားဆေးရုံလေးမှာ
အမေ့ ၀မ်းကြာတိုက်ထဲက ထွက်ခွာခွင့် မရသေးမီ
ကလေးငိုသံ ကြားရတော့
အားလုံးအံ့သြောခဲ့ကြ
ဆေးရုံက ဆရာမတွေ
ဟာသတွေဖြစ်ခဲ့
လူ့ဘ၀ထဲ စ၀င်တဲ့အချိန်မှာကို
ငါ့ရဲ့ ငိုကြွေးသံဟာ
သူတပါးကို ရယ်မောစေနိုင်သတဲ့လား။
လေးဖက်တွားအရွယ်ကနေ
ဒီနေ့ အထိ
ပြန်လည်ပုံဖေါ်ကြည့်မိရဲ့
ဂုဏ်ပေါ်ချင်လို့တော့ မဟုတ်
အကဲ့ရဲ့လွတ်အောင် နေခဲ့ရဲ့လား
အများအတွက် ငါ့ အချိန်တွေပေးခဲ့ဘူးရဲ့လား
သေချာတာကတော့
အကျိုးလို ညောင်ရေတော့မလောင်းခဲ့ဘူးပါ
ဖြစ်ချင်တာတွေ ထဲမှာ
ဖြစ်မလာတာကများရဲ့
ခါးချိနေပေမယ့် အားရှိချင်တော့ယောင်ဆောင်ခဲ့ပါတယ်
ဒိုးပြား ရမလားလို့
ကြိုးစား ရင်း
ဆွေရင်းတွေနဲ့ စိတ်ဝမ်းလည်းကွဲခဲ့ဘူးပါတယ်
သူငယ်ချင်းရေ
မင်းရော ငါ့ကိုအမြင်ကြည်ရဲ့လား။
လိုချင်တဲ့အချိန်မှာ မရခဲ့တဲ့အခွင့်အရေးတွေကို
လွမ်း တမ်းတမနေဘဲ
မိသားစုအတွက် မာနတွှေခ၀ါချ
ဘ၀ကို သူဌေးဆီမှာပုံအပ် ခဲ့တာ
ခုဆိ ၁၅ နှစ်တောင် ကျော်ခဲ့ပြီ
အဖေရေ
ခုထိ အဖေ ခိုနားရာ အုတ်ဂူလေးကို
ကန်တော့ဖို့ မလာနိုင်သေးတာ
ခွင့်လွှတ်ပြီးသား မဟုတ်လား။
ဥတ္တမပုရိသ ဖြစ်ချင်တဲ့ အမေ့သား
မြန်မာပြည်အစွန်း
တောင်ယွန်းယွန်း က
ကော့သောင်းမြို့လေးမှာ
ပြန်လာဖို့ခက်နေလို့ပါ အမေရယ်
စောင့်နေပေးပါနော်
ယိင်နဲ့နဲ့ သားခြေထောက်တွေ
မြဲမြံခိုင်မာ လှမ်းနိုင်တာနဲ့
ပြန်ခဲ့မှာ ပေါ့အမေရယ်
သားကို
လွမ်းတော့လွမ်းနေနော်။












Friday, April 9, 2010

ကိုယ့်ကိုကိုယ် မိတ်ဆက်မယ်

ကိုယ့်နာမည်ရင်း ........................ စိုးမိုးသူ

သူငယ်ချင်းတွေက ကိုယ့်ကို ဒီလိုခေါ်တယ်
အင်းစိန်မြို့ လေဟာပြင်ဈေး ဆိုင်ကလူတွေက အမ်းကူလေး တဲ့  ငယ်သူငယ်ချင်းတွေက ငဲငယ် လို့ အမိုးအပါး ခေါ်တဲ့အတိုင်း လိုက်ခေါ်ကြတယ် အကိုကြီးမွေးပြီး တစ်နှစ်နဲ့ခုနစ်လအကြာမှာ မွေးတဲ့အချိန်မှာ ကျွန်တော်က ငဲငယ်လေး မို့လို့တဲ့
ငယ်သူတွေကတော့ကိုငယ်တဲ့ တက္ကသိုလ်မှာတုံးကတော့ နယ်ကသူငယ်ချင်းတွေက Dictionary  တဲ့
အခုဖိုရမ်မှာကျတော့ ကိုနိုင်ဆက် ပါ

ချစ်သူကတော့ ဒီလိုခေါ်တယ် .....

အစက တော့ ကိုကြီး တဲ့ အခုတော့ ပါပါး ဖြစ်သွားပြီ

မွေးနေ့လေးပေါ့ .......
၁၃၂၇ ခုနှစ် တန်ခူးလပြည့်ကျော် တစ် ရက် စနေနေ့
 ဗြိတိသျှ လိုဆိုရင်တော့ ဧပြီလ ၁၇ ရက် ၁၉၆၅ ခုနှစ်ပါ


ဇာတိမြို့လေးကတော့ ..
သတင်းဘယ်တော့မှ မမှိန်မယ့် အင်းစိန်မြို့လေးပါ အားလုံးသိကြပါတယ် ကမ္ဘာကျော်မြို့လေးပါ မင်းသိင်္ခ စာရေးကောင်းလို့ နာမည်ကျော်လိုက်ပြန်သေး စီအိုင်ဒီ ရှိတယ် RIT ရှိတယ် (အရင်တုံးကပြောတာနော် )တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် ရှိခဲ့ဘူးတယ် အင်းစိန်တိုက်ပွဲ နဲ့ နာမည်ကျော်ခဲ့တယ်

ဝါသနာလေးက ..........

.စာရေးစာဖတ်မယ် ဂစ်တာတီးပြီးသီချင်းဆိုမယ် ဘာသာစကားတွေလေ့လာမယ် မိသားစုနဲ့ ခရီးသွားမယ်

လက်ရှိလုပ်နေတာက ..
သူဌေးကျွန်းဟိုတယ် က လူ့စွမ်းအားအရင်းအမြစ်ဌာနက လက်ထောက်...မန်နေဂျာ........................

ကိုယ့်ရဲ့ မေးလ်လိပ်စာပေါ့ .  naisaek@gmail.com

ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေးပါ ..Thai AIS Mobile သုံးပါတယ် 0810844991 ပါ

အကြိုက်ဆုံး အရောင်ကတော့ .မရှိပါ

အကြိုက်ဆုံး အစားအစာ ...ရှမ်းခေါက်ဆွဲ

အကြိုက်ဆုံး ဖက်ရှင်  စတိုင်လ် ဘောင်းဘီ နဲ့ ရှပ်အကျီ

အကြိုက်ဆုံး ရုပ်ရှင်၊ သီချင်းနဲ့ အနုပညာတွေက .ရုပ်ရှင်ဆို အက်ရှင်ကား စစ်ကား ကောင်းဘွိုင် ကား drama သဘာဝဇာတ်လမ်း မိသားစုဇာတ်လမ်းလေးတွေ ကြိုက်တယ် ဒါပေမယ့် သိပ္ပံဇာတ်လမ်းတွေမကြိုက်ပါ
သီချင်းကတော့ ပတ်ပျိုး သီချင်းကြီး သီချင်းခန့် နတ်ချင်းတွေကလွဲရင် ရေဒီယို မိုနို သီချင်းတွေကနေပြီး အခုခေတ် ရက်ပ် သီချင်းအထိ ခံစားလို့ရတယ် သံစဉ်စာသားကောင်းရင်ကောင်းသလို လက်ခံတယ် ကိုယ်တိုင်လည်းဖန်တီးချင်တယ်

အကြိုက်ဆုံးအားကစားက                    Jujitsu ကြိုက်တာပြောတာပါ တတ်တော့မတတ်ဘူး

သူကတော့ ကိုယ့်အချစ်ဆုံးကလေးပေါ့ ကိုယ့်သမီးငယ်လေး ၂  ယောက် ချင်းချင်း အိုက်အိုက်

သူ့ကိုတော့ မုန်းတယ်လေ ..ဗိုင်းရပ်စ်

အမြဲဝင်ဖြစ်တဲ့ ဆိုဒ်လေးတွေ .မြန်မာစာပေ Photobucket.mmcyber,multiply,myanmarsongs.net,pantipnews.com,

ကိုယ်ဖန်တီးထားတဲ့ဆိုဒ်လေးတွေကတော့ .khunsoemoethu.blogspot.com,thahtaykyunhotel.multiply.com,

အပျော်ဆုံးနေ့လေးပါ   အမေ့အိမ်ပြန်ရောက်တဲ့နေ့

မျှော်လင့်ခဲ့ဖူးတဲ့အရာက
တစ်ခုမရ တစ်ခု နဲ့ အများကြီးဘဲ ဘာမှလည်းဖြစ်မလာတော့ မြန်မာပြည် တောင်ဘက်အစွန်းဆုံး အရပ်အထိထွက်ပြေးလာခဲ့တာပေါ့

ဘ၀ဆိုတာကို ဒီလိုမြင်တယ် .
ကိုယ့် ဘာသာဘယ်နေရာ ဘယ်ဘ၀ ကနေပြီး  လာချင်မှန်းမသိ ရောက်ချင်မှန်း သိခွင့်မရှိဘဲ လူ့ ဘ၀ ရောက်လာပြီးမှ ဘယ်ကိုပြန်သွားရမှာလည်း ဆိုတာ ကိုယ့်ဘာသာလေ့လာခန့်မှန်း ဆုံးဖြတ် ခိုင်းတယ် တော်တော်ဆိုးတဲ့ အဖြစ် လို့ မြင်ပါတယ်

အချစ်ကိုတော့ ဒီလိုမြင်တယ် ..
ကိုယ်ကပိုင်ဆိုင် လိုက်တယ်လို့ မှတ်သိခိုင်းပြီး အမှန်တကယ်တော့ သူက ကိုယ့်ကို ပိုင်ဆိုင်သွားတာကို ကျေကျေနပ်နပ် လက်ခံလိုက်ရတာလေ

သူငယ်ချင်းဆိုတာကတော့ ..ဆိုးတိုင်ပင်ကောင်းတိုင်ပင် အလုပ်မရှိရင် သူငယ်ချင်းအိမ်မှာနေလို့ စားလို့ရတယ် ချစ်သူအိမ်မှာတော့ရမှာမဟုတ်ဘူး

နောင်တရနေဆဲအကြောင်းအရာက ..ဆယ်တန်းအောင်စာရင်းထွက်တဲ့ နေ့ကျမှ သူငယ်ချင်းတွေအားလုံးကဂုဏ်ထူးတွေကိုယ်စီနဲ့ ကို့ယ့်ကျတော့ဘာမှမပါလာတော့မှ ဘဲ
အောင်မှာလား လို့ အဖေမေးတိုင်း အောင်ရင်ပြီးရောမဟုတ်လားလို့ ပြန်ပြောမိခဲ့တာလေး ကို ဘယ်တော့မှ မေ့မရတော့ပါ

ကိုယ့်ရဲ့ အကျင့်ဆိုးလေးတွေပေါ့  သူများစာရေးတာမှားရင် ပြောတာမှားရင် သဒ္ဒါမှားရင် ပြင်ပေးချင်တယ် ပြင်ပေးမိတယ် ဆရာလုပ်တယ်ဖြစ်ရောဗျ

ခုချိန်စိတ်ထဲမှာ ဘာဖြစ်နေလဲ ..ရန်ကုန်ပြန်ချင်တယ် အမေ့အိမ် လေးဆီပေါ့

Follow members gave a thank to your post:

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား