Monday, May 14, 2012

ဆိုနေကျသီချင်း


နွေလယ်နေ ရဲ့ ဆိုနေကျသီချင်း
လျှောက်နေကျလမ်းတစ်ခုပါဘဲ
ဆန်းလည်းမဆန်းကြယ်လှ
နှုတ်ဆက်ရတေးတစ်ပုဒ်သာပ။
စက်ရုံတံခါးဖွင့်ဖို့ သူတို့လိုဘဲငါလာခဲ့ 
  မြို့တော်ရဲ့သည်မှာဘက်ကိုလေ
ထမင်းဘူးလေးပိုက်လို့
နေလုံးကအိပ်မှုံစုံမွှား 
 အရှေ့ဖျားမှာတွားတက်ခဲ့။
အမှိုက်သိမ်းသမားရဲ့ တွန်းလှည်းသံတဂျိမ်းဂျိမ်းမှာ
မြို့တော်လမ်းမကြီးဟာအညောင်းဆန့်ရင်း
ခေတ်ပေါ်သီချင်းနဲ့ခင်းကျင်းပြီးစ   
ခွေးခြေလှလှလက်ဖက်ရည်ဆိုင်မှာ
မနက်ခင်းစားသောက်စရာတွေက    အငွေ့တစ်ထောင်းထောင်းထလို့……………….
ဘတ်စကားမှတ်တိုင်မှီရပ်   ပါးစပ်ဟဟသမ်းဝေ  
 အိပ်တန်းကြောင်ငှက်ကလေးရေ
မင်းအိမ်ပြန်တော့မယ်လား
ငါတော့အလုပ်သွားမကွယ့်
စက်ဆီညစ်ထေးနဲ့ 
 အေးစက်စက်သံထည်ကြီးတွေရဲ့အောက်မှာ
ငါကြွက်သားတွေညောင်းညာခိုက် .မင်း
အိပ်ဖြစ်အောင်အိပ်လိုက်ဦး
မင်းနဲ့ငါမပါတဲ့ မြို့တော်ရဲ့ညနေခင်းဟာ
သူ့ဘာသာစီးဆင်း
ဆိုနေကျသီချင်းနဲ့
တို့ကိုတွေးမယ့်သူလည်းကင်းရဲ့
မဟုတ်လား
အလုပ်ဆင်းဥသြသံက
ငါ့ကိုအိမ်ပြန်ခွင့်ပြုတဲ့အခါ
မသေချာမှုတွေ အပြည့်အဖေါင်း
လွယ်အိပ်ဟောင်းလေးထဲထည့်ပိုး
မနေ့ကလိုမျိုးရဲ့ ညနေချိန်
ငါ့အအိမ်ကိုပြန်ခဲ့တယ်
…………..
ရှေ့မှာ
မာကြူရီမြို့တော်ည
ယိမ်းညို့ညို့ကလို့
အို……ပလက်ဖေါင်းကြီးလှလှပပ
မြို့တော်ရဲ့ညခင်းမှာ
ရာဘာဖိနပ်ပါးတစ်ရံဖြတ်သန်းမှု
ခိုးလိုးခုလုဖြစ်ခဲ့က
ခွင့်လွှတ်ပ.
ဆေးရောင်ခြယ်တိုက်မြင့်မျက်နှာစာများ
တန်ဘိုးကြီးအိပ်ဇောမှိုင်းငွေ့များ
အချက်ကျနာရီစုတ်ထိုးသံများ
ၐတုတ်ခိုင်ပါးလျ အသားစများ
ဘူးဆို့ ဆိုဒါမြှုပ် စီးကရက်ပြာတောင့်များ
ငါ့အားပွတ်ရှမိစဉ်မှာ
ရေဆာ ခံတွင်းခြောက်ကပ်မှုကြီးမား
လေနဲ့ထုထားတဲ့လွယ်အိပ်
တရိပ်ရိပ်ပေါ့ရွှတ်ဆဲ
ဒူးများခွေညွှတ်လဲချင်ပေါ့……
ဟိုမှာဘက်   မြို့တော်ရဲ့ဆင်ခြေဖုံးမှာ
ငါ့အတွက်ဖျာတစ်ချပ်ရှိတယ်            ပြီး
အမေပြင်ထားမယ့် ညစာရှိတယ်
မိုးများတောင်ချုပ်ခဲ့
အိုး လွယ်အိပ်ကလေး
ကျေးဇူးပြုပြီး       ငါ့ကိုလွယ်သွားပါ
မောလျလျ န္တာအိမ်ကို  
 ညထဲမှာစိမ်လိုလှပေါ့……………….

မိုးဝေမဂ္ဂဇင်း 1986













ခြင်္သေ့အိပ်မက်

ကျွန်တော်နှစ်သက်သောကဗျာလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်
ရေးသူအမည်ကတော့ လင်းဝေ ပါ ခုနှစ်ကိုတော့ မမှတ်မိပါဗျ
မှတ်မိသူများရှိရင်လည်း ကူညီပြောပေးကြပါဦး

ခြင်္သေ့အိပ်မက်
မျှော်လင့်ချက်ကင်းစွာ
ဘယ်သူမနက်လင်းချင်မှာလဲ
မျက်နှာမသစ်ခင်
အပြစ်ဟောင်းများသတိရ
ဟေ့လူ ..နောင်တ ဆိုတာတရားဝင်ရဲ့လား။
အသန့်ရှင်းဆုံး ကလေးငယ်လိုပြုံးနိုင်ရင်
ရှုံးနိမ့်ခြင်းအတွက်
မျက်ရည်မလိုအပ်ပါ။
ဘဝတဲ့…….
ငါ့ဖို့ရေတစ်ခွက်
ငါ့လက်နဲ့ဘဲခပ်ရမယ်
တောင်ဝှေးမထောက်  ဆေးပြားမသောက်ခင်အိမ်မက်
သိင်္ဂီရွှေခွက်နဲ့ထိုက်ရမယ်။
အလို ……..
ယုံကြည်ချက်ဆိုဘဲ
လူကိုအတောင်တပ်ပေးလိုက်ပေါ့။
ဘာယူမှာလဲ
ဘာပေးမှာလဲ
ခပ်ဝေးဝေးက မေးခွန်းလက္ခဏာ
အဲဒါ
အနာဂတ်ဖြစ်တယ်။






Monday, January 17, 2011

ကြိုတင်ပြင်ဆင်အောင်ပွဲဝင် အင်တာဗျူး စစ်မြေပြင်

အလုပ်ရဖို့အတွက် လူတွေ့နှုတ်မေး နှုတ်ဖြေ မေးတာတွေဖြေဆိုရတာဟာ
တစ်ကယ့်ကို ကြောက်စရာကောင်း သွေးလန့်စရာလို့တင်စားရင်လည်းမမှားပါဘူးနော်
သို့ပေမယ့်လည်း ဖြေဆိုရမယ့်သူကသာ မေးခွန်းရဲ့ အချက်အလက်တွေကို သိပြီးချက်ခြင်း တစ်ခွန်းမေး ၂ ခွန်းလောက် ဖြေနိုင်လောက်အောင် လေ့ကျင့်ထားတယ်ဆိုရင်တော့ ထင်သလောက် မခက်ခဲပါလားဆိုတာသိရမှာပါလေ။  Practice makes perfect လို့ ဆိုစကားရှိနေတာ အလကားမဟုတ်တန်လောက်ပါဘူးနော်။ ကန့်သတ်ထားတဲ့အချိန် ပိုင်းလေးအတွင်းမှာ ကိုယ်လိုချင် ရချင်တယ်လို့သတ်မှတ်ထားတဲ့ အလုပ် ကို ရဖို့ သေချာနေအောင်လို့ စီမံပြင်ဆင် လုပ်ဆောင်ထားသင့်တာလေးတွေ ဖြစ်တဲ့ အကောင်းဆုံး impression ရနေအောင် ဖြစ်နေအောင် လုပ်နိုင်ဖို့ အတွက် ဒီလို လုပ်ကြရအောင်ဗျာ။

ကြိုတင်စီမံလုပ်ဆောင်ခြင်း

အင်တာဗျူးခန်းမထဲ ကို ဘာမှကြိုတင်ပြင်ဆင်မှုလုပ်မထားဘဲ ၀င်သွားရတာလောက် ထိတ်လန့်စရာကောင်းတာမရှိဘူးဗျ။ ခင်ဗျား စိတ်ထဲမှာဘာမှလုံလုံလောက်လောက်ဖြစ်နေအောင် ပြင်ဆင်မထားမိဘူးလို့ တွေးမိခံစားမိနေပြီဆိုရင်တော့ ခင်ဗျားရဲ့ မျက်နှာရိပ် မျက်နှာကဲ ကို အင်တာဗျူးမယ့်သူတွေက ဖတ်မိသွားမယ်ဆိုရင် ဘယ်လိုဖြစ်သွားမယ် ဘယ်လိုရလဒ်တွေ ရလာနိုင်တယ်ဆိုတာ သိမှာပေါ့။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိခြင်း ကဒီအခြေအနေမှာ ခင်ဗျားကို နှစ်သက်လိုလားဖွယ် ပုံရိပ်တစ်ခု အဖြစ် မေးမယ့် မေးဖို့စောင့်ဆိုင်နေသူတွေက မြင်တာနဲ့ ကောက်ချက်ချနိုင်စေလောက်အောင် ဖြစ်သွားစေလိမ့်မှာအသေအချာဘဲဗျ။
အင်တာဗျူး ခံရမယ့်သူတွေကအခု ပြောမယ့်အချက်လေးတွေကိုတော့သေချာသိထားရမယ်ဗျ။
-   အင်တာဗျူးလုပ် မယ့်နေရာ နဲ့ အချိန် တိတိကျကျ သိရမယ်
-   အဲဒီနေရာကို မှန်မှန်ကန်ကန် ဘယ်လိုရောက်အောက်သွားရမလည်း သေသေချာချာသိထားရမှာဖြစ်သလို အခန့်မသင့်လို့ အကြောင်းတစုံတရာ ဖြစ်ပွားပေါ်ပေါက်ခဲ့သော် ဘယ်လိုနည်းနဲ့ သတ်မှတ်ထားတဲ့နေရာကိုရောက်အောင် သွားမလဲ ဆိုတာကြိုတင်တွေးတောစီစဉ်ထားရပါမယ်။
-   လူတွေ့နှုတ်ဖြေ အင်တာဗျူးလုပ်ရမယ့်ပုံစံ ဘယ်လိုမျိုးဖြစ်နိုင်သလည်း တစ်ဦးချင်း အမေးအဖြေလုပ်မယ့်ပုံစံလား။ အုပ်စုလိုက်မေးမြန်းတာကိုဖြေဆိုရမယ့် ပုံစံလား။
-   အင်တာဗျူးလုပ်နေချိန် ဘယ်လောက်ကြာနိုင်မလည်း။
-   အတူပါအောင်ဆောင်ယူသွားရမယ့် စာရွက်စာတမ်းအထောက်အထားတွေ။ကိုယ်ရေးမှတ်တမ်း CV ရယ်။ အင်တာဗျူးကိုလာရောက်ဖို့ဖိတ်ခေါ်တဲ့စာရွက်ရယ်ပေါ့။

ဒုတိယခေါင်းစဉ်ငယ်လေးကိုဆက်မယ်ဗျာ
ကိုယ်ဟန်မူယာသွင်ပြင်အရေးပါပုံလေး
First impression လို့ ကျွန်တော်တို့ နှုတ်စွဲနေတဲ့ ( အစအဦးဆုံးအကြိမ်မြင်လိုက်ရပြီး စိတ်ထဲဦးနှောက်ထဲမှာ စွဲမြဲသွားစေခြင်း ) စကားလုံးလေးရဲ့ အဓိပ္ပါယ် က သိပ်အရေးကြီးတယ်နော် ကိုယ့် ကို ပထမဦးဆုံးအကြိမ်တွေ့လိုက်တာနဲ့ တစ်ခါတည်း အထင်တကြီးနဲ့ မှတ်မှတ်သားသားဖြစ်သွားစေဖို့ သိပ်လိုတာပေါ့ဗျာ။
လူအများစုဟာ( လူတိုင်းကိုတော့မဆိုလိုပါ )အစ အဦးဆုံး ကြုံတွေ့ဆုံလိုက်ကြရတဲ့ တဒင်္ဂ စကန့် ပိုင်းလောက်အချိန်လေးအတွင်းမှာ တစ်ဘက်သားအပေါ် ကိုယ့်ဘာသာအမှတ်ပေး အကဲဖြတ် ပြီး ဒီလူရဲ့ အဆင့်အတန်း ကို သတ်မှတ်ပေးပြီး ဒီအတိုင်း ယုံပစ်လိုက်ကြတတ်တယ်မဟုတ်လားဗျ။ ဒါကြောင့်မို့လို့ ခင်ဗျားဟာ တကယ့် အထက်တန်းလွှာက မွေးဖွားကြီးပြင်းလာသူလို သိမ်မွေ့ပြလိုက်စမ်းပါ ယဉ်ကျေးပြလိုက်စမ်းပါ။သေသေချာချာ ကမ်းလာတဲ့လက်တွေ ကို ပိုင်ပိုင်နိုင်နိုင်ဆွဲကိုင်ဆုပ်ယူလို့ အားရပါးရပြုံးပြနေလိုက်စမ်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခင်ဗျား ပြန်ထွက်သွားတာနဲ့ အခန်းထဲကျန်နေခဲ့တဲ့ အင်တာဗျူး မေးမြန်း နေသူတွေဟာ ခင်ဗျားအကြောင်း ပြောဖြစ်နေကြဖို့ သေချာစေမှာ မလွဲပါဘူးဗျ။
Gesture လို့ခေါ်တဲ့ body language ခင်ဗျားရဲ့ ပြောဆိုပြုမူပုံ လုပ်ရှားသွားလာပုံ ကိုယ်ဟန်အမူအယာတွေဟာ တမင်လုပ်ယူနေသလိုမျိုးမဟုတ်ဘဲ ပုံမှန်အနေအထား နေထိုင်လှုပ်ရှားသွားလာဆောင်ရွက်နေသလိုမျိုး ဖြစ်နေရမှာနော်။ အပြုအမူအပြောအဆို အားလုံး အားလုံးဟာ ခင်ဗျားဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းပြစွာနဲ့ ဆောင်ရွက်နေတဲ့ပုံဖြစ်နေရမှာပါ။ မျက်စိအကြည့် ဆုံနေပါစေ မလိုလားအပ်တဲ့ ဟိုယောင်ယောင်ဒီယောင်ယောင် ယောင်ခြောက်ဆယ်ပုံစံမျိုး ဘယ်တော့မှ အမြင်မခံရစေနဲ့။ ခင်ဗျားထိုင်နေတဲ့ ထိုင်ခုံပေါ်မှာပျင်းရိပျင်းတွဲ ပုံစံမျိုးနဲ့ ထိုင်မနေမိစေနဲ့ အဲဒါခင်ဗျားကို ပျင်းနေသလို စိတ်ဝင်စားမှုမရှိသလိုမျိုး သူတို့အမြင်မှာ ဖြစ်နေလိမ့်မယ်လေ။ နေဦး စိတ်အားထက်သန်လွန်းပြီး ကုလားထိုင်အစွန်းလေးမှာ လည်း မထိုင်မိစေနဲ့နော်။ သက်တောင့်သက်သာအနေအထားလေးဖြစ်နေပါစေ။ အင်တာဗျူးဆိုတာ ခင်ဗျားပြန်ဖြေတဲ့အဖြေသက်သက်ကိုဘဲ မူတည်ဆုံးဖြတ်မှမဟုတ်ဘူးဆိုတာသိထားပါ။ အလုပ်လျှောက်ထားသူ အခုမေးမြန်တာတွေခံနေရသူ ဟာ အားလုံးက တရစပ် မေးလာတဲ့မေးခွန်းတွေကို ပြန်ဖြေဆိုနေရင်း သူတို့နဲ့ စကားစမြည်ကောင်းကောင်းပြောဆိုလို့ရတဲ့ အနေအထားရအောင် ဖန်တီနိုင်ရင်တော့အတိုင်းထက်အလွန်ပေါ့ဗျာ။သူတို့က ခင်ဗျားဟာ သူတို့အဖွဲ့အစည်း သူတို့ကော်ပိုရေးရှင်း မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူ တွေနဲ့ အဆင်ပြေပြေဆက်ဆံပြီး ခင်ဗျားရဲ့ အတတ်ပညာအသိပညာစွမ်းရည်တွေနဲ့ အဖွဲ့အစည်းအတွက် ကောင်းကျိုးရလဒ်ကိုဘယ်လိုဖေါ်ဆောင်နိုင်ဖို့ သင့်တော်မှုအရှိဆုံးသူဆိုတာ သူတို့ သိသာယုံကြည်နိုင်ပါစေ၊

ဘာတွေများမေးမှာလည်း
လူတော်တော်များများကကြောက်ကြတယ် သူတို့မဖြေနီုင်မယ့်မေးခွန်းတွေမေးမှာကိုလေ၊တကယ်တမ်းကျတော့ ဒါကပြသနာမှမဟုတ်တာမှန်းသိနေကြပြီးသားပါ ဟုတ်တယ်မဟုတ်လား။ ခင်ဗျားတို့ကသာမေးနီုင်မယ်ထင်တဲ့ မေးခွန်းတွေကိုဖြေဆိုဖို့ သေချာလေ့ကျင့်ထားပီးဆိုရင်ပေါ့ဗျာ မေးမြန်းတဲ့သူတွေဘက်ကလည်း သူတို့ဟာ ကုမဏီက လစ်လက်သွားလို့ ဖြည့်ဆည်းပေးဖို့ခေါ်ထားတဲ့အထဲမှာ သူတို့ ဘက်က သေချာအောင်ကြိုးစားစိစစ်ထားတယ်လို့ ခံစားနေချင်မှာပေါ့ဗျာ
ခင်ဗျားဘက်ကလည်း ခင်ဗျားဖြေလိုက်တဲ့ အဖြေ လေးတွေ နဲ့ ခင်ဗျားဖြစ်ချင်တဲ့ဆန္ဒ ကိုပုံဖေါ်သွားချင်တာမဟုတ်လား၊
အဆိုးဆုံးကတော့ အင်တာဗျူးခံရသူက အခုလာဗျူးနေတဲ့ အလုပ်အကြောင်း ဘာ နကန်းတလုံးမှမသိဘူး  ဆိုတာပေါ်ပေါက်သွားချိန် ပေါ့ အဲဒီထက်ဆိုးတာများရှိမယ်ထင်နေသေးလို့လား
ခင်ဗျားဟာ ဒီရာထူးဒီအလုပ်ကို တကယ်လိုလားလိုအပ်လိုချင်တယ်ဆိုရင်
မေးလာတဲ့မေးခွန်းတွေကို ချက်ခြင်းဖြေဆိုနီုင်ရဖို့ လုပ်ထားဗျ ခင်ဗျား အပင်ပန်းခံလေ့လာထားတာတွေက ဒီနေရာမှာ အထောက်အပံ့ဖြစ်စေမှာပေါ့ဗျာ။
ပြီးတော့ အင်တာဗျူးခံမယ့်သူတွေ အားလုံး
ဒါတွေကို သည်းခံ ဖြေဆိုတတ်ဖို့လိုတယ်နော်
•   ဒီနေရမှာ လိမ်ညာဖို့ကိုတော့ နည်းနည်းလေးမှ စိတ်မကူးမိလေနဲ့နော့်။
•   လိမ်ညာပြီးတော့အလုပ်တစ်ခုကိုရသွားပြီး အလိမ်ပေါ်တဲ့နေ့မှာ ခင်ဗျားကို ထွက်သွားလို့မောင်းထုတ်ခံရမှာပေါ့ဗျ
•   အထူးပြောချင်တာကတော့ ခင်ဗျားဟာ ခင်ဗျားကို ဒီအလုပ် ဒီရာထူး ဒီနေရာမှာအလုပ်ခန့်ပေးဖို့ လုပ်နေကြတာဆိုတာကို အမြဲ ခေါင်းထဲမှာထားနော်။ ခင်ဗျား ပြုမူပြောဆိုသမျှ လုပ်ကိုင် လုပ်ဆောင်နေသမျှ မေးခွန်းတွေကို တုံ့ပြန်ဖြေဆို ပြန်ကြားနေသမျှ အားလုံးအားလုံး ခင်ဗျားဟာ ဒီနေရာ ဒီအလုပ်နဲ့ သင့်တော်ဆုံးလူပါလို့ အဖြေထုတ် ကောက်ချက်ချနီုင်စေမှာချည်းဘဲ ဆိုတာ ဘယ်တော့မှမျက်ခြည်မပြတ်စေပါနဲ့နော်။
•   ခင်ဗျားရဲ့ အရည်အသွေးတွေအရည်အချင်းတွေကို ခင်ဗျားကိုယ်တိုင်ကမှ ထုတ်ဖေါ်ပြသနိုင်စွမ်းမရှိဘဲနဲ့တော့ ခင်ဗျားကို သူတို့ရွေးချယ်ဖို့ ဆုံးဖြတ်ကြမှာမဟုတ်ဘူးနော်၊ ဟင့် အင်း ဟုတ်ကဲ့ ဆိုတာလောက်နဲ့တော့ ခင်ဗျား ဟာသူတို့ရဲ့ စံသတ်မှတ်ထားတဲ့ အချက်တွေကို ပြည့်မီအောင် မလုပ်နီုင်တာသေချာပါတယ်။ အဲဒီတော့ သူတို့မေးသမျှ ကို သိသမျှ ရအောင်ဖြေဆိုပြီး နောက်ထပ်မေးလာမယ့်မေးခွန်းတွေကို စောင့်နေရမယ်ဗျ။
•   မေးခွန်းတစ်ခုမေးလိုက်တဲ့အခါ ချက်ခြင်းအဖြေမပေးနီုင်တော့ဘူးဆိုရင်  အချိန်နည်းနည်းယူလိုက်ပါ သေချာစဉ်းစားပါ အချက်အလက်တွေကို စဉ်းစားလို့ရနိုင်သလောက် ဆွဲထုတ်စီစဉ်ပါ။ခင်ဗျား ဖြေလိုက်တော့မယ့် အဖြေဟာ မေးခွန်းထုတ်သူတွေလိုလားတဲ့အဖြေမျိုး နဲ့ အနီးစပ်ဆုံးဖြစ်နေလောက်ပြီဆိုမှ ဖြေပစ်လိုက်ဗျာ။
•   အကောင်းမြင်ဝါဒနဲ့ အမြဲရှိနေပါ ။ ဒီအင်တာဗျူးကို ပြိုင်ပွဲတစ်ခုလို မှတ်ယူသဘောထားပြီး အကောာင်းဆုံး ယှဉ်ပြိုင်ပစ်လိုက်စမ်းပါ။ မေးလာတဲ့သူတွေကို ဖြစ်နိုင်မျြေားပြီး ခိုင်မာတဲံ အချက်အလက်တွေ ပါဝင်တဲ့အဖြေတွေနဲ့အနိုင်ယူပစ်လိုက်စမ်းပါ.
•   မေးပါ ခင်ဗျား နားမလည်းတာတွေ မေးခွန်းမှာပါဝင်လာပြီဆိုရင် ပေါ့ ၊ မေးခွန်းထုတ်နေသူတွေကို နောက်တစ်ခါ ထပ်မေးဖို့ ထပ်ပြောပေးဖို့ တောင်းဆိုရဲစမ်းပါဗျာ၊ ကိုယ်မသိတဲ့ မသေချာတဲ့ အချက်တွေနဲ့ ရမ်းသမ်းပြီး ဖြီးဖြန်းပြောဆိုဖြေကြားရမယ့်အစား သေချာအောင်ထပ်ပြောပြမေးခွန်းထုတ်ခိုင်းလိုက်းပါ
 လူတိုင်းနှီးပါးကြောက်တတ်တာကတော့ မင်းကတိရစ္ဆာန် တစ်ကောင်ဖြစ်နေမယ်ဆိုရင် အခုဘယ်မှာရှိနေမှာလည်းဆိုတာပေါ့ ။ ဒီမေးခွန်းက ခင်ဗျား ပြန်ဖြေမယ့် အဖြေစကားလုံးတွေကို အဓိက သိချင်တာမဟုတ်ဘူးဗျ ခင်ဗျားဟာ စိတ်ဆိုးစရာ အစော်ကားခံရတယ်လို့ ယူဆစရာ မေးခွန်းတွေအမေးခံရနေပီ လို့ ထင်လာချိန်မှာ ဘယ်လိုမျိုးတုန့်ပြန်မှာလည်း ဆိုတာ သိချင်တာဗျ

အင်တာဗျူး ခံရမယ့်သူတွေဟာ ရိုးသားဖို့ နဲ့ သူတို့ရဲ့ အပြုသဘောနဲ့အကောင်းမြင်တတ်တဲ့ စိတ် ရှိနေဖို့လိုတယ် ။ ခင်ဗျားရဲ့ အကြီးမားဆုံးသောအားနည်းချက် ဟာဘာလည်း ဆိုတဲ့မေးခွန်းမျိုးမေးလာပြီဆိုပါတော့ ဒီမေးခွန်းဟာခင်ဗျားဟာ အဘက်ဘက်က ပြည့်စုံနေတဲ့သူပါလို့ဖြေဆိုထားတဲ့အဖြေမျိုးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်ဆိုတာ မမေ့စေနဲ့နော် ။
 ပြီတော့ ရှိသေးတယ်ဗျ
အင်တာဗျူးတဲံသူတွေ က ခင်ဗျားမှာ ဘာများမေးစရာရှိလည်း ဘာမေးချင်လည်းမေးနိုင်ပါတယ်လို့ ပြောပြီး မေးလေ့ရှိတတ်ပါတယ် ဒါကြောင့်မို့ မေးချင်တာလေးတွေလည်းပြင်ဆင်သွားဗျ
အဲဒီအခါမှာ ကုမဏီအငြောာင်း မေးခွန်းလေးတွေ အလုပ်ရဲ့ သဘောသဘာဝလေးတွေ မေးဗျ
လစာအကြောင်း မမေးနဲ့ နားရက်ဘယ်လောက်ရမလည်း ခံစားခွင့်တွေဘာတွေရှိလည်းဆိုတာမျိုးတွေချည်းဘဲမမေးမိစေနဲ့ဗျ
တစ်ချီု့မေးခွန်းတွေဟာ ဖြေဆိုဖို့ အဖြေပေးဖို့ပေါ့နော် သိပ်ခက်ခဲလာနေပီဆိုရင်တော့ ဒီလိုလုပ်ဗျာ
မေးခွန်းထုတ်နေသူတွေရဲ့နေရာဝင်ပြီး စဉ်းစားကြည့်ဗျ ဘယ်လိုအဖြေမျိုးပေးရင် အ ထင်တကြီးဖြစ်စေမလည်းလို့ပေါ့ဗျာ
အောင်မြင်ပါစေဗျာ။

My Space pictures