ညည်းချင်းလား ဖြေသိမ့်ခြင်းလား
ဘ၀ တဲ့
လဒ လိုဘဲ
ဆန္ဒလေကို မျိုချ ရင်းကြီးပြင်းလာခဲ့ပေမဲ့
ချယ်ရီသားတုတ်ကောက်နဲ့
ဝိပသနာတရားစခန်းကို မလျှောက်ခင်
တိုင်တည်ပြီး ပြောချင်လိုက်တာ
တောထဲတောင်ထဲမှာ
လူကြည့်မခံရရင်တောင်မှ
ပိုက်ဆံပေးပြီး
တကူးတကလာကြည့်ရတဲ့
နေရာလေးမျိုးမှာတော့
အတောင်ပံဖြန့်ရင်းပြုံးနေတဲ့
နွေလည်အိမ်မက်မျိုးမက်ချင်ခဲ့တယ်
ဒါ
ငါ ယုံကြည်ခဲ့တဲ့ လမ်း
ဘယ်ညာလှမ်းယင်း
လျှောက်နေဆဲပါ
အဲဒီမှာ
ယင်မမဲရိုင်းတွေတောင်
ညည်းနေတယ် ပေါ့
အရေးကြီးတာ
ညစာလား တဲ့
ဟင့်အင်း ဟင့်အင်း ဟင့်အင်း
လင်း တဲ့ အချိန်အထိ
တ နေနေခဲ့မိတယ်
တစုံတရာကိုဘဲပေါ့
No comments:
Post a Comment
ခင်မင်စွာဖြင့် မှတ်တမ်းလေး အမှတ်တရရေးခဲ့ပါဗျာ