Friday, March 5, 2010

ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်

ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်
ကျွန်တော်ကတော့
Code: [Select]
www.photobucket.com ကိုသုံးတယ်ခင်ဗျ
တစ်ချို့ကလည်း နှစ်သက်ရာရာ picasa, fliker,imageshack.us စသည်ဖြင့်သုံးကြပါတယ်
ကျွန်တော်နှစ်သက်တဲ့ photobucket နဲ့ တင်ပုံတင်နည်းလေးကို ပြောပြချင်ပါတယ် ဓာတ်ပုံတင်ရာမှာအဆင်မပြေဖြစ်နေသူများအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်ခင်ဗျာ
ကျွန်တော်တော့ ဒီလိုတင်ပါတယ်
(တစ်ခြားသူတွေလည်း ကို တင်တဲ့နည်းလမ်းလေးတွေမျှပေးကြပါနော်)
ပထမဦးဆုံး ကျွန်တော် Photobucket.com ကိုဝင်တယ်ဗျ
membership ကို ဖရီး ၀င်ပြီးတာနဲ့ log in ၀င်ရပါမယ် log in ၀င်ပြီးတာနဲ့ ဒီလိုမျိုး မြင်ရမယ်ဗျ
http://i744.photobucket.com/albums/xx87/naisaek/ScreenShot006.jpg
ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်

အဲဒီလိုတွေ့ပြီဆိုရင်
Resent albums တွေကနေ ပြီးတော့ ကိုယ်ကြိုက်တဲ့ ပုံ ကိုရွေးမယ်ဗျ
http://i744.photobucket.com/albums/xx87/naisaek/ScreenShot007.jpg
ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်

ရွေးပြီးပြီလား
ကိုယ်ရွေးထားတဲ့ပုံကို double click ပေးလိုက်ဗျာ
ဒီလိုမြင်ရမယ်
http://i744.photobucket.com/albums/xx87/naisaek/ScreenShot008.jpg
ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်

အဲ ဒီလိုမြင်ရပြီဆိုရင်
More option  ကို click ပေးလိုက်မယ်
ဒါဆိုရင်
http://i744.photobucket.com/albums/xx87/naisaek/ScreenShot009.jpg
ဖိုရမ်မှာ ဓာတ်ပုံလေးတွေ တင်ကြမယ်ဆိုရင်


ကျွန်တော်တို့ IMG for board & forums ခေါင်းစဉ်အောက်က ဒုတိယ ခေါင်းစဉ်လေးကိုရွေးပြီး Right Click ပေးပြီး copy ကူးလိုက်မယ် ပြီးတာနဲ့
ကျွန်တော်တို့ ရေးတဲ့ post မှာ   ၂ခု ကြားထဲကို click တစ်ချက်လုပ်မယ်
ပြီး paste လုပ်ပါမယ်
ဒါဆို ဒီလိုတွေ့ရမယ်
[url ] …[url]…………..[img]http://sample……..(/img] ကွင်းစ ကွင်းပိတ် အားလုံးေ လေးထောင့်ဖြစ်ရမှာပေမယ့် လေးထောင့်ဖြစ်တာနဲ့ link ကအလုပ်လုပ်ပြီး img အစ img အဆုံး မြင်စေချင်တဲ့ စာတွေ မပေါ်တော့လို့ပါ
ကဲ မြင် ရပြီဆိုရင်
[url ] …………………….[url] အထိ delete လုပ်လိုက်ပါ

[img]http://sample……../img]ဆိုပြီး ဘဲ ကျန်ခဲ့ရမယ် ]
ပြီးတော့ save နှိပ်လိုက်ရုံဘဲပေါ့ဗျာ
ဒါဆိုရင် ကျွန်တော်တို့ post မှာ ဓါတ်ပုံတွေတင်တဲ့ အလုပ်ပြီးပြီပေါ့ဗျာ

Wednesday, February 10, 2010

သူလား သူမ လား ၂

ပညာရေးဝန်ကြီးဌာန  မြန်မာစာအဖွဲ့ က ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း ထုတ်ဝေတဲ့ မြန်မာအဘိဓာန် စာအုပ်ထဲမှာ
ဒီလိုပြထားပါတယ်
သူ၊ နာမ်    -    တစ်စုံတစ်ဦးရည်ညွှန်းသောစကားလုံး ။ " ပြောသူ ။ သင်သူ။ "
    နာမ်စား -    ပြောသူနှင့်ကြားနာသူမှတပါး အခြားတစ်စုံတစ်ဦးကို ရည်ညွှန်းသုံးသောစကားလုံး။
    ပစ္စည်း  -    အမျိုးသမီးဖြစ်ကြောင်းပြစကားလုံး ။' မြို့သူ။ကျောင်းသူ။ အရပ်သူ။"
ဒီလိုဖေါ်ပြထားပါတယ်။
သူငယ် မှာလည်း သူငယ်မ ဆိုတဲ့ အသုံးက သူမနဲ့အတူ ဖန်တီးတဲ့ သူတွေ ရေးသားသုံးစွဲလို့ ပေါ်ပေါက်လာတာပါ

သူငယ် - သငယ် - နာမ် -၁။ ကလေးငယ် ၂။ အသက်ငယ်ရွယ်သူ လို့ဘဲဖေါ်ပြာထားပြီး သူငယ်မ ဆိုတဲ့စာလုံးကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး။
ပြီးတော့ အကျွန် ဆိုတဲ့စကား က အခုထိ ရခိုင်လူမျိုးတွေ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ယနေ့တိုင်သုံးစွဲပြောဆိုနေဆဲပါ ရခိုင်ဘာသာတတ်တဲ့သူကိုမေးကြည့်နိုင်ပါတယ် အကျွန်မ လို့တော့ကျွန်တော်မကြားဘူးပါ
မြန်မာအဘိဓာန်မှာ တော့ အကျွန် ဆိုတဲ့စကားကို မထည့်သွင်း မဖေါ်ပြထားပါဘူး

ကျွန် ၊ နာမ် -သူတပါး၏ စိုးပိုင်စေခိုင်းခြင်းခံရသူ လို့ဘဲဖေါ်ပြထားပါတယ် ( ကျား-မ ခွဲခြားပြီး မထားပါဘူး )ခွဲခြားလိုလာရင်
ကျွန်ယောက်ျား ကျွန်မိန်းမ လို့ ခွဲခြား ဖေါ်ပြနိုင်ပါတယ် ( ကျွန်ထီး ကျွန်မ မရှိဘူးနော် )
ကျွန်မ - ဆိုရင်တော့ ဒီလိုဘဲဖေါ်ပြထားပါတယ်
ကျွန်မ - နာမ်စား -မိန်းမက မိမိ ကိုယ်ကို ရည်ညွှန်းသောစကားလုံး

ပြန်ပြီး စဉ်းစားကြရအောင် ဆန်းစစ်ကြရအောင် 
အနောက်တိုင်းဘာသာ စကားတွေရဲ့ အသုံးအနှုန်း  လွှမ်းမိုးလာမှုကို တားဆီးချင်တဲ့သဘောပါ
အခုဆွေးနွေးနေရခြင်းဟာ မြန်မာစာပေ ကို မြန်မာ့မူဟန်အတိုင်းဘဲရှိစေချင်လို့ပါ

မြန်မာစာနှင့်စကားသံများ

ဆရာမငြိမ်းခက်ခက် (မေငြိမ်း )၏ မြန်မာစာနှင့်စကားသံများ
http://i744.photobucket.com/albums/xx87/naisaek/maynyein.jpg
မေငြိမ်း၏ မြန်မာစာနှင့်စကားသံများ

ဒီမှာဒေါင်းမယ်ဗျာ
http://www.scribd.com/full/26247725?access_key=key-2a48xz3jr64bki21u65c

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား