Wednesday, February 10, 2010

သူလား သူမ လား ၂

ပညာရေးဝန်ကြီးဌာန  မြန်မာစာအဖွဲ့ က ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း ထုတ်ဝေတဲ့ မြန်မာအဘိဓာန် စာအုပ်ထဲမှာ
ဒီလိုပြထားပါတယ်
သူ၊ နာမ်    -    တစ်စုံတစ်ဦးရည်ညွှန်းသောစကားလုံး ။ " ပြောသူ ။ သင်သူ။ "
    နာမ်စား -    ပြောသူနှင့်ကြားနာသူမှတပါး အခြားတစ်စုံတစ်ဦးကို ရည်ညွှန်းသုံးသောစကားလုံး။
    ပစ္စည်း  -    အမျိုးသမီးဖြစ်ကြောင်းပြစကားလုံး ။' မြို့သူ။ကျောင်းသူ။ အရပ်သူ။"
ဒီလိုဖေါ်ပြထားပါတယ်။
သူငယ် မှာလည်း သူငယ်မ ဆိုတဲ့ အသုံးက သူမနဲ့အတူ ဖန်တီးတဲ့ သူတွေ ရေးသားသုံးစွဲလို့ ပေါ်ပေါက်လာတာပါ

သူငယ် - သငယ် - နာမ် -၁။ ကလေးငယ် ၂။ အသက်ငယ်ရွယ်သူ လို့ဘဲဖေါ်ပြာထားပြီး သူငယ်မ ဆိုတဲ့စာလုံးကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး။
ပြီးတော့ အကျွန် ဆိုတဲ့စကား က အခုထိ ရခိုင်လူမျိုးတွေ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ယနေ့တိုင်သုံးစွဲပြောဆိုနေဆဲပါ ရခိုင်ဘာသာတတ်တဲ့သူကိုမေးကြည့်နိုင်ပါတယ် အကျွန်မ လို့တော့ကျွန်တော်မကြားဘူးပါ
မြန်မာအဘိဓာန်မှာ တော့ အကျွန် ဆိုတဲ့စကားကို မထည့်သွင်း မဖေါ်ပြထားပါဘူး

ကျွန် ၊ နာမ် -သူတပါး၏ စိုးပိုင်စေခိုင်းခြင်းခံရသူ လို့ဘဲဖေါ်ပြထားပါတယ် ( ကျား-မ ခွဲခြားပြီး မထားပါဘူး )ခွဲခြားလိုလာရင်
ကျွန်ယောက်ျား ကျွန်မိန်းမ လို့ ခွဲခြား ဖေါ်ပြနိုင်ပါတယ် ( ကျွန်ထီး ကျွန်မ မရှိဘူးနော် )
ကျွန်မ - ဆိုရင်တော့ ဒီလိုဘဲဖေါ်ပြထားပါတယ်
ကျွန်မ - နာမ်စား -မိန်းမက မိမိ ကိုယ်ကို ရည်ညွှန်းသောစကားလုံး

ပြန်ပြီး စဉ်းစားကြရအောင် ဆန်းစစ်ကြရအောင် 
အနောက်တိုင်းဘာသာ စကားတွေရဲ့ အသုံးအနှုန်း  လွှမ်းမိုးလာမှုကို တားဆီးချင်တဲ့သဘောပါ
အခုဆွေးနွေးနေရခြင်းဟာ မြန်မာစာပေ ကို မြန်မာ့မူဟန်အတိုင်းဘဲရှိစေချင်လို့ပါ

မြန်မာစာနှင့်စကားသံများ

ဆရာမငြိမ်းခက်ခက် (မေငြိမ်း )၏ မြန်မာစာနှင့်စကားသံများ
http://i744.photobucket.com/albums/xx87/naisaek/maynyein.jpg
မေငြိမ်း၏ မြန်မာစာနှင့်စကားသံများ

ဒီမှာဒေါင်းမယ်ဗျာ
http://www.scribd.com/full/26247725?access_key=key-2a48xz3jr64bki21u65c

မင်းခိုက်စိုးစန် ၏ သုည

မင်းခိုက်စိုးစန် ၏ သုည
http://i744.photobucket.com/albums/xx87/naisaek/mkss-zero.jpg
မင်းခိုက်စိုးစန် ၏ စာအုပ်များ

ဒီမှာဒေါင်းမယ်
http://www.scribd.com/full/4844623?access_key=key-1wddzpzxdengbjsbs5wv

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား