Friday, December 21, 2012

ပစ္စက္ခ ရဲ့ တဒင်္ဂ လွင့်မျောရာ



တွေဝေနေတဲ့အခိုက်အတန့်လေးမှာ
အသိတရားကို ကြိုးစားလို့ ထိန်းချုပ်ထားဟေ့
အမှန်တရားဆိုတဲ့အလင်းကို
ကြီးမားတဲ့အမိုက်မှောင်ကလွှမ်းမိုးထားသလား
အရှိန်အ၀ါတွေရဲ့ ဖိစီးမှုအောက်က
ရုန်းထွက်လွတ်မြောက်ရအောင်ဟေ့
နှလုံးသားတောင်းဆိုသမျှ
ဦးနှောက်ရဲ့ ညှာတာကင်းမဲ့ ဆုံးဖြတ်ချက်အောက်မှာ
အမြဲတိမ်မြုပ်နေသွားသင့်တယ်လား
ကြိတ်မှိတ်လို့နေရတာဘဲ
စွန့်ဝံ့တယ်ဆိုပေမယ့်
အခြေအနေကသတိတဲ့
ဆန္ဒတွေ သောင်းပြောင်း
စိတ်တွေလေမှာလွင့်မျောလို့
အတွေးအခေါ်မဲ့များနေပြီလား
ဆန်းစစ်ကြည့်ပါဦးကွယ်
ရှုပ်ထွေးမှုကပိုလို့ နက်နဲစေ
တည်ငြိမ်ရက်နဲ့ မုန်တိုင်းထန်နေပြီ
အံကြိတ်လို့ မျိုသိပ်နေရတယ်
ပြောလို့တော့မရဘူး
မထင်မှတ်ဘဲဖြစ်သွားတတ်တာအများကြီး၊။
အဆုံးအစမသိရတဲ့ အနေအထားမှာ
တွေဝေမှုက မိုက်မဲစေသလား
လွင့်ပါးလို့သွားပြန်ပြီဟေ့
မသိလို့တော့မဟုတ်
မတတ်နိုင်တာဘဲလား
ပြောပြမတတ်တော့ဘူးကွယ်
ကံကြမ္မာကိုဘဲအပြစ်ဖို့နေရမှာလား
ဆုံးရှုံးသွားပြီလား…….
ဟုတ်တော့ ဟုတ်သလိုဘဲ
ဒါဆိုရင်လည်းအဆုံးဆိုတာရဲ့ ဟိုး …..တစ်ဖက်မှာပေါ့
မျှော်လင့် မရဲဘူးကွယ်
ရင်ထဲတလှပ်လှပ်နဲ့
အသည်းထိတ်နေမိတယ်ကွာ
အခြေအနေကလျော့တိလျော့ရဲနိုင်လွန်းတယ်
စိတ်နှလုံးဒုံးဒုံးချလို့
ပြတ်သားပြရဲလားဆိုတော့လည်း
ခံစားမှု ကင်းမဲ့သွားသလိုဘဲ
ဘယ်လိုလည်း
ဘယ်လိုမှန်းလည်း
မသိတော့ဘူး
အလင်းရောင်ကမှိန်ဖျော့ဖျော့နဲ့
အမှောင်ထုထဲ
နစ်သထက်နစ်သွားမယ်ထင်ရဲ့
ဆောက်တည်ရာမရ ဖြစ်နေတာလား
ဟင့်အင်း
တိမ်ဖုံးနေလို့ မသာတဲ့ လ ပါ
ချမ်းမြေ့မှုတွေပျောက်ဆုံးလို့
သာယာမှုလည်းကင်းမဲ့
အလင်းရဲ့ တန်ဘိုး
ဘယ် နေရာဘယ်အချိန်လိုမျိုးမှ သိကြမှာလည်း
အဖြေရှာရင်း
ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေရဲ့နောက်မှာ
ဘယ်လိုဖြစ်နေမယ်ထင်လည်း
ဘယ်လိုရှိနေမယ်ထင်လည်း
အကောင်းအဆိုးကတော့
ဒွန်တွဲနေမှာပါဘဲ
ဝေခွဲလို့မရတော့ဘူးကွယ်
ငါ စိတ်ကူးယဉ်လိုက်မိတယ်ပေါ့။

Thursday, June 28, 2012

ကျွန်တော် ညီငယ်လေး တစ်ယောက်ရဲ့ Still Hoping သီချင်းလေး တစ်ပုဒ် တင်ပေးလိုက်ပါတယ် နားဆင်ကြည့်ကြပါဦး သူ့ရဲ့ တေးဆိုအမည်ကတော့ Alone တဲ့ အထီးကျန်ခံစားမှုလေးတွေနဲ့ လောက ကို ကျေနပ်နေတတ်ရင်း မြစ်ကြီးနာတက္ကသိုလ် က ဘူမိဗေဒနဲ့ ကျောင်းပြီးလာပြီး အခုတော့ ကော့သောင်းမြို့ Andaman Club Hotel Resort မှာ HR Officer လေးအဖြစ် လုပ်ငန်းတာဝန်ထမ်းဆောင်နေသူပါ မြစ်ကြီးနားမှာ ICE River Band လေးနဲ့ တီးထားတာပါ သူတို့သီချင်း တွေ သွင်းနေရင်း အကြောင်းကြောင်းကြောင့် သူတို့ Album လေး မထုတ်ဖြစ်ခဲ့ပါဘူး
မျှော်လင့်နေဆဲ လို့ အဓိပ္ပါယ်ရတဲ့ သီချင်းလေး ကို နားဆင်ကြည့် ရအောင်လား

Myanmar update news

My Space pictures

ကျွန်တော့ ဆိုက်များ

နေရာလေး သိချင်လား