Tuesday, September 28, 2010
Hygienic handling of foods
Hygienic handling of foods
၁.   ပုပ်သိုးလွယ်သည့်အစားအစာများကို အအေးခန်း၊ ရေခဲသေတ္တာစသည့်တို့တွင်ထားပါ။ ၁၀ံC (သို့) ယင်းထက်နိမ့်ကျသောအပူချိန်တွင် သိုလှောင်ထားပါက ရောဂါပိုးများ ပွားများနှုန်းကို လျော့ပါးစေပါသည်။
၂.   အအေးခန်းရေခဲသေတ္တာတို့မှ ထုတ်ယူလာသည့် သားငါးသီးနှံတို့ကို မချက်ပြုတ်မီအေးခဲနေသည် များကိုပြန်ပျော်အောင်ပြုလုပ်ပါ။ သားငါးသီးနှံများသည် ချက်ပြုတ်ရာတွင် အပူညီမျှစွာရရှိရန်လို အပ်သည်။ ထိုသို့မရပါက အချို့အစိတ်အပိုင်းများတွင် ရောဂါပိုးများကျန်ရှိနေမည် ဖြစ်ပါသည်။
၃.   အေးခဲရာမှပြန်ပျော်အောင်ဆောင်ရွက်ရာတွင် ထွက်လာသည့်အညစ်အကြေးရည်များအားလုံးကို စွန့်ပစ်ရန်နှင့် အအေးခန်းတွင်းရှိစင်များ၊ ရေခဲသေတ္တာအတွင်းရှိဗန်းများ၊ စားပွဲမျက်နှာပြင်များ နှင့် စားဖိုဆောင်သုံးကိရိယာတန်ဆာပလာတို့ကို စင်ကြယ်စွာဆေးကြောပါ။ ၎င်းင်းရေများတွင် ရောဂါပိုးများခိုအောင်းနေတတ်ပါသည်။
၎.   သားငါးသီးနှံတို့ကို သေသေချာချာချက်ပြုတ်ပါ။ လုံလောက်သောအပူချိန်ပေး၍ ချက်လျှင်ရောဂါ ပိုးများသေပါသည်။ ၇၀ံဃအနည်းဆုံးရရှိရမည်။ မီးညီညီမျှမျှရစေရန်သတိပြုပါ။ သံသယရှိပါက ပြဒါးတိုင်ဖြင့်စစ်ဆေးပါ။
၅.   ချက်ပြုတ်ပြီးသမျှအစားစာများအားအနည်းဆုံး ၆၀ံဃထိပူနွေးနေပါစေ။ ၆၀ံဃအောက်လျော့နည်း သောအပူချိန်တွင် ရောဂါပိုးများပေါက်ဖွားနိုင်သည်။ အသင့်သုံးဆောင်မည့် စားသောက်ဖွယ်ရာ မှန်သမျှ ပူနေပါစေ (သို့) ချက်ချင်းအေးရန် ပြုလုပ်ပါ။
၆.   ချက်ပြုတ်ပြီးစားသောက်ဖွယ်ရာတို့ကိုပြန်နွေးပါ။ ၇၀ံဃ ခန့်အနည်းဆုံးရရှိသည့်မီးဖြင့်ပြန်နွေးပါ။
၇.   ပုပ်သိုးလွယ်သည့်သားငါးစိမ်းများကိုအအေးခန်းရေခဲသေတ္တာစသည့်တို့တွင်ကြာရှည်စွာသိုလှောင် မထားသင့်ပါ။ အချို့ရောဂါပိုးတို့သည် အေးနေသည့်အခါတွင်ပင် ပေါက်ဖွားနိုင်စွမ်းရှိသဖြင့်ကြာ ရှည်စွာသိုလှောင်မထားသင့်ပါ။
၈.   ချက်ပြီးသောစားသောက်ဖွယ်ရာများနှင့် သားစိမ်းငါးစိမ်းများကို သီးခြားစီခွဲထားပါ။
၉.   ချောင်းဆိုး၊ နှာချေမိပါက ပါးစပ်နှာခေါင်းစသည့်တို့ကို ဖုံးကာထားပါ။ ကျန်းမာနေသူတစ်ဦး နှာခေါင်း နှင့် လည်ချောင်းအတွင်း၌ အဏုဇီဝပိုးမွားများသည်သဘာဝအလျောက်ရှိနေပါသည်။ ထိုကြောင့်နှာချေ၊ ချောင်းဆိုးပါကစက္ကူလက်သုတ်ပ၀ါဖြင့်နှာခေါင်းနှင့်ပါးစပ်ကိုပိတ်ပါ။ ထိုစက္ကူ ကိုလွှင့်ပစ်ပါ။ လက်များကိုစင်ကြယ်စွာ ဆေးကြောပါ။
၁၀.စားဖိုဆောင်သို့ဝင်လျှင် ဆံပင်ကို ဖုံးအုပ်ကာကွယ်ထားပါ။
Friday, September 24, 2010
A thousand splendid suns of Khaled Hosseini
ခါလက် ဟိုစိနီ ရဲ့ နောက်ထပ် ဖတ်ကောင်းလို့အပြောများနေတဲ့ စာအုပ်သစ်လေး တစ်အုပ်ပါ
စာမြည်းလေးတွေဖတ်ကြည့်ရအောင်လား
"Look at me, Mariam."
Reluctantly, Mariam did.
Nana said, "Learn this now and learn it well, my daughter: Like a compass needle that
points north, a man's accusing finger always finds a woman. Always. You remember
that, Mariam."
LstNana'S account of the day that she gave birth to Mariam, no one came to help. It
happened on a damp, overcast day in the spring of 1959, she said, the twenty-sixth year
of King Zahir Shah's mostly uneventful forty-year reign. She said that Jalil hadn't bothered
to summon a doctor, or even a midwife, even though he knew thatthejinn might enter
her body and cause her to have one of her fits in the act of delivering. She lay all alone
on thekolba's floor, a knife by her side, sweat drenching her body.
"When the pain got bad, I'd bite on a pillow and scream into it until I was hoarse. And
still no one came to wipe my face or give me a drink of water. And you, Mariam jo, you
were in no rush. Almost two days you made me lay on that cold, hard floor. I didn't eat
or sleep, all I did was push and pray that you would come out."
"I'm sorry, Nana."
"I cut the cord between us myself. That's why I had a knife."
"I'm sorry."
You 're afraid, Nana,she might have said.You 're afraid that 1 might find the happiness
you never had. And you don 'i want me to be happy. You don't want a good life for me.
You 're the one with the wretched heart
ဒီမှာ ဒေါင်းယူပါခင်ဗျား
http://www.4shared.com/document/2PxEr7i0/Khaled_Hosseini_-_A_Thousand_S.html
Sunday, August 29, 2010
သရုပ်ခွဲဆန်းစစ်ခြင်း( Analytical thinking )
သရုပ်ခွဲဆန်းစစ်ခြင်း( Analytical thinking )
   သရုပ်ခွဲဆန်းစစ်ခြင်းဟူသည် တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ခု (သို့) အကြောင်း အရာ ဖြစ်ရပ် တစ်ခုခုအား စတင်ဖြစ်ပွား ပေါ်ပေါက်ပုံ၊ မည်သည့် အချက်အလက်များဖြင့် ဖွဲ့စည်းထားသနည်း၊ မည်သည့်နည်းဖြင့် ဖွဲ့စည်း ထားသနည်း။ မည်သို့ မည်ပုံ ဆက်သွယ်နေကြသနည်း ဆိုသည်ကို ပိုမို ရှင်းလင်းတိကျသော အနက်အဓိပ္ပါယ်ကို သိရှိလို၍ ခွဲခြမ်းစိတ်ဖြာ လေလာဆန်းစစ်ခြင်းပင် ဖြစ်သည်။
သရုပ်ခွဲဆန်းစစ်ခြင်း၏ ရည်ရွယ်ချက်။
   လေ့လာလိုခြင်း။ စစ်ဆေးကြည့်ရှုလိုခြင်း၊ အဖြေရှာလိုခြင်း၊ အဓိပ္ပါယ် ဖေါ်ထုတ် သတ်မှတ်လိုခြင်း။ ဖွင့်ဆိုရှင်းပြလိုခြင်၊ နားလည်အောင်အားထုတ်ခြင်း၊ ဆက်နွယ် ဆက်စပ် ဖြစ်တည်ပုံကို စူးစမ်းရှာဖွေလိုခြင်း၊ မှန်ကန်စွာ အကဲဖြတ်နိုင်ရန် အတွက် တိကျ မှန်ကန်သော အချက်အလက် အထောက်အထား ရှာဖွေလိုခြင်း။
သရုပ်ခွဲဆန်းစစ်ခြင်း၏ အကျိုးရလဒ်။
   ရာထူးအမြင့်မားဆုံး အဆင့်အတန်းမှသည် အနိမ့်ဆုံးလုပ်သား အဆင့်အတန်း အထိ သရုပ်ခွဲ ဆန်းစစ်ခြင်းဖြင့် အကျိုးရလဒ် များစွာကို ရရှိစေသည်။ သရုပ်ခွဲ ဆန်းစစ်ခြင်းကို လက်နက်ကိရိယာ တစ်ခုသဖွယ် အသုံးပြု၍ နေရာဌာနမျိုးစုံ၊ အဆင့် အတန်းမျိုးစုံ အတွက် အကျိုးရှိစေသည်။
   စီးပွားရေးကဏ္ဍတွင်ဖြစ်စေ၊ နိုင်ငံရေကိစ္စများတွင်ဖြစ်စေ၊ ပြသန်တစ်ရပ်ရပ် ကိစ္စ တစ်ခုခုအား ဖြစ်ပွားပေါ်ပေါက် ရခြင်း၏ အကြောင်းကို ပိုမိုသိရှိနားလည် စေသည်။ ထိုသို့ဖြစ်ပွားခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များ အပြင် နောင်အခါ အနာဂါတ်တွင် ဖြစ်ပွားပေါ်ပေါက်လာနိုင်သည်များကို ခန့်မှန်းသိရှိ နိုင်ခြင်းအားဖြင့် မလိုလားအပ်သည့် ဖြစ်ရပ်ကိစ္စများ ဖြစ်ပေါ်မှု မရှိစေရန် ကြိုတင်ကာကွယ် တားဆီးနိုင်ခြင်း မူဝါဒ၊ နညှ်းှဗျူဟာများ ချမှတ်ပေးနိုင်ခြင်း တို့အား ပြုလုပ်နိုင်စေပါသည်။
   သုတေသနလုပ်ငန်းများတွင် သရုပ်ခွဲဆန်းစစ်ခြင်းသည် လုပ်ငန်းစဉ်၏ နှလုံး တစ်ခုသဖွယ် အချက်အလက်များ၏ ဆက်စပ်ပုံ၊ အကြောင်းတစ်ရားများနှင့်အကျိုး သက်ရောက်မှုများ၊အကြောင်အရာတစ်ခုအား လေ့လာပြီး အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ပျံ့ကြဲနေသော အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးလျှင် ကောက်ချက် ချရာ၌ များစွာအကျိုးရှိစေပါသည်။
   သတင်းများနှင့် ပတ်သက်၍ သရုပ်ခွဲဆန်းစစ်ရာ၌ နေ့စဉ်ဖြစ်ပွားသော ဖြစ်ရပ်များ အား မျက်မြင်ဖြစ်ရပ်များနောက်ကွယ်မှ ဖြစ်ပွားစေရန်တွန်းအားပေးသည့် အချက်အလက်များ၊ ဖြစ်ပွားပေါ်ပေါက်နေသည့် အခြင်းအရာအား သိရှိရုံသက်သက် မဟုတ်ဘဲ မည်သည့် အကြောင်းအရာများက ဤကိစ္စကို ဖြစ်ပွားစေသနည်း၊ ဖြစ်ပွားလာနိုင်သည့် အကျိုးအဆက်များ၊ ဖြစ်ပွားလာခြင်းမရှိစေရန် မည်သို့တားဆီး ကာကွယ်နိုင်မည်နည်း စသည့် အကျိုးများရရှိစေပါသည်။
   အရာဝတ္ထုများ၊ ပစ္စည်းကိရိယာများအား ဆန်းစစ်လေ့လာခြင်းဖြင့် မည်သည့် အရာများဖြင့် စုပေါင်းဖွဲ့စည်းထားသည် မည်သို့မည်ပုံ ဆက်စပ်ပူးပေါင်း အလုပ်လုပ် ဆောင်ကြသည်ကို လေ့လာသိရှိခြင်းဖြင့် သုတေသနပြုသူများ ပညာရှင်များသည် ပိုမို အကျိုးရှိစေသော အရာများကို ဖန်တီးစေနိုင်ပါသည်။
   အဆိုပြုချက် တစ်ခုခုကို ဆန်းစစ်ရာတွင် အကြောင်းအရာ တစ်ခု၏ဆိုလိုရင်း အဓိပ္ပါယ်အား ဖေါ်ပြထားသည်နှင့် နိဂုံးချုပ် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့အား နှိုင်းယှဉ်ခြင်း၊ အဆိုပြုချက်အား ခိုင်မာစေသော အထောက်အထား၊ အကြောင်းပြချက် ကိုးကားချက် များအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် အဆိုပြုချက်၏ အမှန်အမှားအား ဆန်းစစ် သိရှိနိုင်ခြင်း စသည့် အကျိုးရရှိစေနိုင်ပါသည်။
သရုပ်ခွဲဆန်းစစ်မှုအရည်အသွေး
   သရုပ်ခွဲဆန်းစစ်နိုင်သည့် အရည်အသွေးသည် ကျွန်တော်တို့အားလုံးအတွက် စဉ်းစား တွေးခေါ်ရာတွင် အခြေခံ အကျဆုံးဖြစ်ပြီး အနာဂါတ်တွင် အကောင်းဆုံး အနေအထားဖြင့် ဖြတ်သန်းသွားနိုင်စေရန်အတွက် ဘ၀ကိုလေ့လာသိရှိရန် ကြိုးစား ရာတွင် အရေးပါကြောင်းသိရှိ နိုင်ပါသည်။ သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းများပြုလုပ်ရာတွင် ပိုမိုထိရောက်လာစေနိုင်ပြီး မှားယွင်းစွာ ဆုံးဖြတ်လုပ်ဆောင်ချက်များ နည်းပါး သည်ထက် လျှော့နည်းစေနိုင်ခြင်း ကြောင့် ကျွှန်တော်တို့အားလုံး သရုပ်ခွဲ ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည်ပိုမို ကောင်းမွန် လာစေရေးအတွက် ဆောင်ရွက်သင့်ပါသည်။
   သရုပ်ခွဲဆန်းစစ်မှု အရည်အသွေးဟူသည် တစ်စုံတစ်ရာ ဖြစ်စေ၊ အကြောင်းအရာ တစ်ခုခုဖြစ်စေ၊ ယင်းအား သေးငယ်သော အစိတ်အပိုင်းများအဖြစ် ခွဲထုတ်ပစ်ပြီး ၄င်းတို့ အခြင်းခြင်း မည်သို့ မည်ပုံ ဆက်နွယ်နေကြကြောင်း သိရှိရအောင် လေ့လာခြင်း အားဖြင့် ပြဿနာ (သို့) အကြောင်းအခြင်းအရာ တစ်ခု၏ ဖြစ်ပွားပေါ်ပေါက်ရသည့် အကြောင်ရင်းအချက်များအား ဆန်းစစ်လေ့လာနိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။
သရုပ်ခွဲဆန်းစစ်နိုင်သည့်အရည်အသွေး၏မူလအခြေခံအချက်များ
ဆိုလိုရင်းအဓိပ္ပါယ်ရှင်းလင်းဖေါ်ပြနိုင်ခြင်းစွမ်းရည်၊
   ကျွန်တော်တို့သည် ဦးဆုံးပေါင်းစုဖွဲ့စည်းဖြစ်ပေါ်သည့် အချက်အလက်များအား သိရှိနားလည်ခြင်းမရှိပါက မှန်ကန်စွာ သရုပ်ခွဲ ဆန်းစစ်နိုင်ခြင်းရှိမည် မဟုတ်ပေ။
   ဆိုလိုရင်းအဓိပ္ပါယ်အား ဖေါ်ပြရှင်းလင်းခြင်းဟူသည် ကျွန်တော်တို့ သရုပ်ခွဲ ဆန်းစစ်လိုသည့် အခြင်းအရာအား သေချာစွာ နားလည်ရန် ကြိုးစားခြင်း၊ တိုက်ရိုက် အဓိပ္ပါယ် ဖေါ်ပြခြင်းမရှိဘဲ သွယ်ဝိုက် အဓိပ္ပါယ်များသာ သိရှိနားလည်နိုင်သည့် အချက်များစုပေါင်း၍ ဖွဲ့စည်းနေမှုအား နားလည်ရန်ကြိုးစားခြင်း၊ တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြထားသည်ထက်ကျော်လွန်၍ စဉ်းစားတွေးခေါ် အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြ နိုင်ခြင်း၊ ၄င်းအချက်များအား သရုပ်ခွဲဆန်းစစ်မည့် အကြောင်းခြင်းရာများတွင် အခြေခံမှစ၍ စဉ်းစားဆန်းစစ်ခြင်း ပင်ဖြစ်သည်။
   ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် စံနှုန်းများဖြင့် ဆုံးဖြတ် ချက်ချမှတ် ပေးလေ့ရှိသည်။ အဓိပ္ပါယ်သတ်မှတ်ဖေါ်ပြရာတွင် ပုဂ္ဂိုလ်များ၏ အရည် အသွေးအလိုက် အတွေ့အကြုံနှင့် တန်းဘိုးထားမှုပေါ် မူတည်၍ ကွဲလွဲမှုများ ရှိနိုင်ပါသည်။
ဥပမာ.....
အသိပညာဖြင့်အဓိပ္ပါယ်ရှင်းလင်းဖေါ်ပြခြင်း
အတွေ့အကြုံအားဖြင့်အဓိပ္ပါယ်ဖေါ်ထုတ်ခြင်း
   ကျွန်တော်တို့သည် မိမိတို့၏ အလုပ်ရှင်ပြုံးနေသည်ကို တွေ့ရသည်နှင့် ကိုယ်ဟန်မူရာ၊ မျက်နှာ အနေအထား၊ ပြင်ပသွင်ပြင်လက္ခဏာကို မြင်တွေ့ရ သည်နှင့် အတွေ့အကြုံးများအရ ကောက်ချက်ချနိုင်သည်မှာ အလုပ်ရှင်သည်စိတ်ချမ်းသာ ပျော်ရွှင်နေကြောင်းနှင့် လူတစ်ဦးစုတ်ပြဲ ညစ်ထေးနေသော အ၀တ်အစားဝတ်ဆင် ထားသည်ကို တွေ့သည်နှင့် ၄င်းသည် ဆင်းရဲသည့်လူဖြစ်ကြောင်း ကောက်ချက်ချ နိုင်ကြပေသည်။
ရေးသားမှတ်တမ်းတင်ထားသည့်အချက်အလက်အားဖြင့်အဓိပ္ပါယ်ဖေါ်ထုတ်ခြင်း
   စာရေးသားသူသည် မည်သည့်အချက်ကို အလေးပေးထားသည်၊ မည်သည့် အတွက်ရေးသားထားသည်၊ မည်သည့်အရာကို ရှင်းလင်းစွာ သဘောပေါက် နားလည် စေလိုသည်၊ မည်သည့်အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာပေးသည်၊ သွင်ပြင် လက္ခဏာကို ဖေါ်ထုတ်ပေးသည် (သို့) စာရေးသူ၏ ကမ္ဘာလောကနှင့် ပါတ်သက်ပြီး ၄င်းခံယူထားသည့် အတွေးအမြင်များကို ဖေါ်ထုတ်နားလည်စေသည်။ ဥပမာ - အကြောင်းအရာ အများစုအား မကောင်းသည့် ရှုထောင့်မှနေ၍ အပြစ်အနာအဆာများ၊ ဒုက္ခ၊ ပြဿနာများ၊ အဆိုးများကိုသာ ရှာဖွေရေးသားတင်ပြထားသည်ကို တွေ့ရလျှင် ၄င်းသည် အဆိုးမြင်ဝါဒသမား ဖြစ်ကြောင်းသိနိုင်သည်။
   ဆိုလိုရင်းအဓိပ္ပါယ်ဖေါ်ပြရာတွင် ကောင်း/မကောင်း ဟူသည် လူတစ်ဦးစီ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ကြောင်းကျိုးဆက်နွယ် နားလည်နိုင်စွမ်းရည် တို့အပေါ်တွင် အခြေတည်ထားသည့် စံနှုန်းပေါ်တွင် မူတည်ပြီး ကွဲပြားနိုင်ပါသည်။
သရုပ်ခွဲဆန်းစစ်ရန်အတွက်လိုအပ်သော ဗဟုသုတနှင့်စွမ်းရည်
   အကြောင်းအရာတစ်ခုကို ဝေဖန်ဆန်းစစ်သရုပ်ခွဲလိုပါက ထိုအကြောင်းအရာနှင့် ပတ်သက်သည့် ဗဟုသုတ ရှိသင့်သည် ဗဟုသုတ (သို့) သိသင့်သိထိုက်သည်များကို သိရှိနားလည် ထားခြင်းသည် သရုပ်ခွဲဆန်းစစ်ရာတွင် များစွာ အထောက်အကူပြုနိုင် သည်။ ထိုအကြောင်းအရာ အချက်အလက်သည် ဘာနဲ့သက်ဆိုင်သလဲ၊ ဘယ်အချက် အလက်တွေနဲ့ ဖွဲ့စည်းထားတာလဲ၊ ဘယ်နှစ်မျိုးလောက် ကွဲပြားနေသလဲ၊ အရေးကြီး တဲ့ အချက်အလက်တွေကို ဘယ်လိုအဆင့်လိုက် စီစဉ်ထားသလဲ၊ ဘယ်အကြောင်း ကြောင့်ဖြစ်လာတာလဲ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဆန်းစစ်လေ့လာနိုင်ပါသည်။
   သရုပ်ခွဲဆန်းစစ်ရာတွင် ကျွန်တော်တို့သည် မိမိတို့ သရုပ်ခွဲဆန်းစစ်မည့် အကြောင်းအရာနှင့် ပါတ်သက်၍ သိရှိနားလည်ထားခြင်း မရှိပါက၊ ဗဟုသုတ မရှိပါက အကျိုးအကြောင်း ဆင်ခြင်ရာတွင် သင့်လျှော်မှန်ကန်မှုရှိနိုင်ပါ။ ထိုအကြောင်း အရာနှင့် ပတ်သက်သည့် ဗဟုသုတများ၊ အသိများကို စဉ်းစားဆင်ခြင်ရာတွင် အသုံးပြု ရပါမည်။ ဗဟုသုတမရှိခဲ့လျှင် ကျွန်တော်တို့ ဆန်းစစ်ဝေဖန် နိုင်မည်မဟုတ်ပေ။ ဥပမာ- ထိုင်းနိုင်ငံစီးပွားရေး အခြေအနေ ပြန်လည်ဦးမော့လာနိုင်ခြင်း မရှိခဲ့သော် ထိုင်းနိုင်ငံသည် မည်သည့်အနေအထားရောက်နေမည်လည်းဆိုလျှင် ကျွန်တော်တို့ အနေဖြင့် စီးပွားရေးသမားများ၊ ဘောဂဗေဒပညာရှင်များ မဟုတ်ကြပါက ထိုအကြောင်းအရာနှင့် ပါတ်သက်ပြီး ဗဟုသုတမရှိ၍ မည်သို့ဖြစ်နေမည်ဟု ပြောနိုင်၊ ကောက်ချက်ချနိုင်မည်မဟုတ်ပေ။
အမြင်သန်သူဖြစ်ခြင်း၊ သံသယထားတတ်သူဖြစ်ခြင်း၊ မေးခွန်းထုတ်တတ်ခြင်း
   သရုပ်ခွဲဆန်းစစ်မည့်သူသည် အထက်ပါသုံးချက်စလုံးအား ဆန်းစစ်ဝေဖန် ရာတွင် ပေါင်းစပ်ငသုံးပြုတတ်ရမည်။ ပုံမှန်အတိုင်းမဟုတ်ဘဲ မှားယွင်းလွဲချော် နေသည်များကို တွေ့လျှင် ပစ်မထားဘဲ အကြောင်းရင်းကို ရှာဖွေဖေါ်ထုတ်မည်။ ပြီးလျှင်မေးခွန်းထုတ်ပါ၊ ဖြစ်ပေါ်နေသည့် အကြောင်းခြင်းရာနှင့် ပတ်သက်ပြီး မိမိကိုယ်တိုင်ကိုရော အခြားသူများကိုပါ မည်သည့် အတွက်ကြောင့် မည်သည့် အကြောင်းကြောင့်ဤသို့ ဖြစ်ပေါ်နေရသည်ကို သိရှိအောင် မေးခွန်းထုတ်ပြီး ပိုမို ရှင်းလင်းသိမြင်အောင် ကြိုးစားအားထုတ် ရပါမည်။
ထိုသို့ သရုပ်ခွဲဆန်းစစ်နိုင်ရန်အတွက် မေခွန်းထုတ်ရာတွင် 5 W 1 H ဟု အလွယ် တကူမှတ်သားနိုင်သည်၊
WHO   - ဘယ်သူလဲ
WHAT   - ဘာလဲ
WHERE   - ဘယ်နေရာမှာလဲ
WHEN   - ဘယ်အချိန်လဲ
WHY      - ဘာကြောင့်လဲ
HOW   - ဘယ်လိုလဲ
ဤအချက်အားလုံးကို သုံးရမည်ဟု မဆိုလိုပါ။ မိမိဝေဖန်ဆန်းစစ်လိုသည့် အကြောင်းအရာအား ပိုမိုရှင်းပေါ်လင်စွာ နားလည်သိရှိလာနိုင်ရေးအတွက် မေးခွန်း ထုတ်နိုင်ရေးအတွက် လိုအပ်သည့် အချက်ကိုသုံးရန်ဖြစ်သည်။
အကျိုးအကြောင်းဆင်ခြင်စဉ်းနိုင်သည့်စမ်းရည်
   သရုပ်ခွဲဆန်းစစ်လေ့လာမည့်သူသည် အကြိုးအကြောင်းဆက်စပ်ဆင်ခြင် စဉ်းစားနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ သို့အတွက် အောက်ပါအချက်အလက် များအတိုင်း စဉ်းစားဆင်ခြင်နိုင်ပါသည်။
-   မည်သည့်အရာကဤအကြောင်းအရာကို ဖြစ်ပွားစေသနည်း
-   ထိုအကြောင်းအရာသည် မည်သည့်အကြောင်းအရာနှင့် မည်သို့ဆက်နွယ်          နေသနည်း
-   မည်သူများဆက်နွယ်နေသနည်း၊ မည်သို့ဆက်နွယ်နေသနည်း
-   ဤကိစ္စဖြစ်ပွားသည်နှင့် မည်သည့်အကျိုးဆက်များ၊ အကျိုးသက်ရောက်မှုများ       ဖြစ်ပွားလာနိုင်သနည်း
-   ဖြစ်ပွားစေသည့် အချက်အလက်များ
-   ဖြစ်ပွားလာအောင်မည်ကဲ့သို့ အကြောင်းဆုံလာသနည်း
-   မည်သည့်နည်းနှင့်ဖြစ်ပွားပုံ
-   မည်သည့်အကြောင်းချက်များ ပေါင်းဆုံစုစည်း၍ ဖြစ်ပွားသနည်း
-   ဖြေရှင်းနိုင်သည့်နည်းလမ်းများ ဘာတွေရှိမလဲ
-   ဆက်လုပ်ရင်၊ဆက်လက်ဖြစ်ပွားနေရင် အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်သလဲ
-   ဖြစ်ပွားပေါ်ပေါက်နေတဲ့ အကြောင်းခြင်းရာကိစ္စနဲ့ ပါတ်သက်ပြီး ဦးနှောက်ကို       စွမ်းအားရှိသမျှ အကျိုအကြောင်း ဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင်စေမည့်          အခြားမေးခွန်းများ
   သရုပ်ခွဲဆန်းစစ်လေ့လာမည့်သူသည် အကျိုးနှင့်အကြောင်းဆက်စပ်ဆင်ခြင် နိုင်စွမ်း ရှိရန်လိုပြီး မည်သည်ကအစစ်အမှန် မည်သည်ကအတုအယောင်၊ မည်သည့် အသေးစိတ် အချက်အလက်များက မည်သို့မည်ပုံ ဆက်စပ်ဆက်နွယ် နေကြပုံကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ဥပမာ - 3 dimension သုံးဖက်မြင် ရုပ်လုံးကြွ ရုပ်ရှင်ကြည့်သူများအတွက် အထူးစီမံတီထွင်ထားသည့်  မျက်မှန်မတပ်ဘဲ ကြည့်ပါက ဘာမျှမသိရနိုင်ဘဲ မျက်မှန်တပ်ကြည့်သော အခါမှသာ အသေးစိတ်က အစ ရုပ်လုံးကြွတက်နေပုံကို မြင်ရမည်ဖြစ်သည်။ ရုပ်ပုံတွင်ပါဝင်သော အသေးစိတ် အချက်အလက်များ မည်သို့မည်ပုံ ဆက်စပ်ပြီး ပုံဖေါ်နေကြသည်ကို သိမြင်နိုင်ပါသည်။ အာရုံ၌မြင်ရသည့် မျက်မြင်အနေအထားနှင့်နောက်ကွယ်တွင် ရှိနေဖြစ်နေသည့် အကြောင်းအရာများအား အကျိုးအကြောင်း ဆက်စပ် သိမြင်စေနိုင်ပါသည်။
   သရုပ်ခွဲဆန်းစစ်ခြင်းအားဖြင့် ကျွန်တော်တို့အား အချက်အလက်အမှန်များအား သိရစေသည်။ ဖြစ်ပြက်သည့် အကြောင်းအခြင်းအရာ၏ နောက်ကွယ်ရှိ အကြောင်း တရားများအား သိရှိစေသည်၊ ဖြစ်ပုံပြက်ပုံကို နားလည်စေသည်၊ မည်သည့် အကြောင်းအရာ အချက်အလက်များဖြင့် စုပေါင်းဖွဲ့စည်းထားကြောင်း သိစေသည်။
ဘာကိုဘာမှန်း သိစေပြီး ပြဿနာတစ်ခု အကြောင်းအရာတစ်ခုအား အကဲဖြတ်ရာတွင် လည်းကောင်း၊ ပြဿနာဖြေရှင်းမည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း အမှန်တရားနှင့် နီးစပ်စေပါသည်။
ံHuman Resources management ဌာန၏ နှစ်စဉ် ပြုလုပ်ရ သည့် performance Evaluation / performance appraising အား ဆောင်ရွက်ရာတွင် ပကတိ အခြေအနေအား အမှန်နှင့် အနီးစပ်ဆုံးနားလည်မှာသာ ၀န်ထမ်းများ၏ အရည်အချင်းတိုးတက်ဆုတ်ယုတ်မှုကို မှန်ကန်မျှတစွာ အကဲဖြတ်နိုင်ရေန်အတွက် Thai ဘာသာဖြင့် ဖတ်ရှုလေ့လေပြီး သောဆောင်းပါးများအထဲမှ သင့်နိုးရာရာ ကို မှတ်စုထုတ်ရေးသားထားခြင်းဖြစ်ပါသည်။
Myanmar update news
My Space pictures
ကျွန်တော့ ဆိုက်များ
နေရာလေး သိချင်လား